Part_26(U+Z)

2K 82 1
                                    

ဒေါ်မေစီမနက်အလင်းရောင်ရတယ်ဆိုတာနှင့်သားထက်ပေးထားသောဆေးရုံလိပ်စာအတိုင်းထွက်လာခဲ့လိုက်သည်။ဆေးရုံအဝရောက်သော် သားထက်ကသူ့ကိုထွက်ကြိုနေလို့တော်သေးတာပေါ့။နို့မို့ဆိုအခန်းရှာနေရတာနှင့်ကြာနေမည်မဟုတ်လား....

"အန်တီ"

"သားထက်ရေ.....သားငယ်လေးဘယ်လိုဖြစ်ရတာလဲဟင်"

"ကျွန်တော်လည်းမသိသေးဘူးအန်တီ....
မနေ့ကတည်းကအခုထိ ညီသတိမရသေးဘူး"

"သားငယ်လေးဆီသွားရအောင်လေ"

"ဟုတ်..အန်တီ"

ညီ့အတွက်အလွန်စိုးရိမ်နေတဲ့အန်တီကို သာထက်ဦးဆောင်၍ခေါ်လာခဲ့လိုက်သည်။အခန်းထဲရောက်တယ်ဆိုတာနှင့်ကုတင်ဘေးရှိထိုင်ခုံနေရာတွင်ဝင်ထိုင်လိုက်ကာ'ညီ'ဘာဖြစ်သလဲဆိုတာကိုသေချာကြည့်ရှုနေသောအန်တီရယ်ပါပင်။အန်တီကြည့်ရှုနေတုန်းမှာပင် ညီ့ရဲ့မျက်ခုံးကွေးကွေးလေးတွေဆုံချက်၌အနည်းငယ်တွန့်ချိုးသွား‌
လေသည်မို့အန်တီရောသာထက်ပါညီ့ရဲ့ဘေးမှကြည့်နေရင်းမှညီ့မျက်လုံးလေးတွေဖြည်းညှင်းစွာပွင့်လာသောကြောင့်သတိရလာသည်ကိုသိရှိသည်နှင့် သာထက်လည်းအခန်းပြင်သို့ပြေးထွက်ကာ တာဝန်ကျဆရာဝန်ကိုသွားခေါ်လိုက်သည်။ထို့နောက်သာထက်နှင့်အတူ
ဆရာဝန်တစ်ယောက်နှင့်သူနာပြုတစ်ယောက်ပါ ပါလာလေ၏။

*********************

ဇွန်မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်တွေ့လိုက်ရသည်က အဖြူရောက်မျက်နှာကျက်...နောက်ပြီးဘေးမှအန်တီကြီး၏
"သားငယ်"ဆိုသောခေါ်သံ.......
သူဘာဖြစ်သွားတာလဲ။ပြီးတော့အခုဘယ်ကိုရောက်နေတာလဲ...အန်တီကြီးကရော!
ဒါမှမဟုတ် အိမ်မက်များမက်နေလေသလား
အတွေးများလာသည်နှင့်ဇွန့်ရဲ့ခေါင်းအတွင်းမှမူးနောက်လာရပါသည်။ထိုအချိန်ကြာလိုက်ရတာက...

"လူနာ...သတိရလာပြီလား"

"ဘယ်လိုနေသေးလဲ...ခေါင်းကိုက်တာတို့၊
အသက်ရူကြပ်တာတို့ရှိသေးလား"

ဒီပုံစံဆိုဇွန်ဆေးရုံရောက်နေတာဘဲဖြစ်မည်။
ဘယ်ကနေဘယ်လိုဆေးရုံရောက်သွားလဲမသိပေမဲ့ပေါ့။
ထို့နောက်ဘေးမှဆရာဝန်၏အမေးအဖြေတွေကိုခေါင်းညိတ်ခေါင်းခါလုပ်ပြနေလိုက်မိပါသည်။

"Love Servant"(On Going)Dove le storie prendono vita. Scoprilo ora