Part_15(U+Z)

2K 88 2
                                    

"အန်တီ.........အန်တီရေ"

ဇွန်ဘဲလ်တီးရမည့်အစား ဂယောင်ခြောက်ခြားဖြင့်အန်တီကြီးကိုသာခေါ်နေမိ၏။သိပ်မကြာလိုက်ခြံစောင့်ဘကြီးထွက်လာကာတံခါးဖွင့်ပေး၏။သူ့ကိုထွေထွေထူးထူးဘာကိစ္စရှိလို့လဲ၊ဘယ်သူနဲ့တွေ့ချင်လို့မေးမနေတော့ပါ။အရင်တုန်းကလည်းသူဒီအိမ်မှာတရင်းတနှီးနေခဲ့ဖူးသည်မလား။

"လူလေး.....မေမေကြီးကိုလာရှာတာလား"

"ဟုတ်ကဲ့ဘကြီး.....အန်တီကြီးရှိလားဟင်"

"ဧည့်ခန်းထဲမှာထိုင်နေတယ်ကွဲ့...ဝင်သွားလိုက်လေ ...လူလေး"

"ဟုတ်....ဟုတ်ကဲ့ဘကြီး"

ဇွန်လည်းအန်တီကြီးရှိရာဧည့်ခန်းတွင်းသို့ကတိုက်ကရိုက်ဝင်လိုက်ကာအန်တီကြီးအားခေါ်လိုက်မိပါသည်။

"အန်တီ"

ဇွန်လည်းဧည့်ခန်းထဲတွင်ထိုင်နေရင်းမှသူ့အားခေါ်နေသံကြောင့်လှည့်ကြည့်ရာ

"သားငယ်!"""

"သားငယ်ညကြီးမိုးချုပ်ဘာဖြစ်လာတာလဲဟင်""

"အန်တီ့ကိုပြောပါဦး"

ဒေါ်မေစီခန်းလည်းမျက်လုံးများနီရဲကာမျက်တောင်ရှည်များတွင်မျက်ရည်စများ
ကပ်ငြိနေပြီးအသားများတုန်ကာကရတုန်ကရင်ဖြစ်နေသောကောင်လေးအားစိတ်ပူ၍မေးနေမိပါသည်။

"အန်တီ.....ကိုကိုလေ"
"ကိုကိုလက်ထပ်လို့မဖြစ်ဘူးအန်တီရဲ့ကိုကို့ကိုတားပေးပါဦးနော်"
"ကိုကိုလက်ထပ်ရင်စိတ်ဆင်းရဲရမှာ ..."

သေချာပါပြီ။သားငယ်တစ်ခုခုကိုသိလာပြီဆိုတာ

"သားငယ်၊အန်တီကိုသေသေချာချာပြော၊သားကြီးကဘာလို့လက်ထပ်လိုက်တာနဲ့စိတ်ဆင်းရဲရမှာလဲ"

ဇွန်ပြောပြလိုက်ရမှာလား၊ပြောပြလိုက်ရင်ရောစည်းဖောက်ရာကျသွားမလား၊တစ်ဖက်မိန်းကလေးအတွက်ကရော။အို........
ကိုကို့ကိုထိခိုက်စေမယ့်သူအတွက် သူကဘာတွေငဲ့ညှာနေစရာလိုလဲ။ဇွန်လည်းအန်တီကြီးအားသူကြာခဲ့သမျှကိုမချွင်းမချန်ပြောပြလိုက်၏။

"တောက်"

သားငယ်စကားများကြား၍ဒေါ်မေစီခန်းဒေါ်သအလွန်ထွက်ခဲ့ပါသည်။ဒင်းတို့ကများသူ့သားကိုလုပ်ကြံချင်သေးတယ်ပေါ့။နင်တို့လုပ်ကြံတာကိုတော့ငါ့သားမခံစေရဘူး၊ငါလုပ်ကြံတာကိုဘဲငါ့သားခံရမယ်...ဟက်

"Love Servant"(On Going)Tempat cerita menjadi hidup. Temukan sekarang