"အင်း...."
"📞📞....."
"ညီရောအခုဘယ်လိုနေသေးလဲ ညီလေး""
"........"
"ပိစိကသက်သာပြီလားဒါဆို"""
".........""
"အွန်း ....ညီလေးလည်းဂရုစိုက်ဦးနော်...
သူတို့မှာ ခိုလှုံစရာဆိုလို့မင်းဘဲရှိတာ.."""...........""
"အင်း....ဒါဘဲနော်ဒါဆို"""
ချသွားသောဖုန်းကိုကြည့်ကာ သာထက်စိတ်တွေလေးနေမိ၏။ကြည့်ရတာ ညီ့ရဲ့ရောဂါကို
ညီဖြစ်သူလည်းသိသွားလောက်ပါပြီ...။
ဖုန်းထဲမှာကြားနေရတဲ့သူ့ညီလေးရဲ့အသံက
နောင်တတရားအပြည့်၊ယူကြုံးမရတဲ့သက်ပြင်းသံတွေတဖွဖွကြားနေရလေသည်။"အကို.....ဇွန်ဘာဖြစ်လို့လဲဟင်"""
ဘေးမှာထိုင်နေသည့်ယံ့ရဲ့အသံကြားမှအတွေးတွေကိုပြန်စုစည်းလိုက်ရသည်။
ကျွန်တော်တို့ ကလောဘက်ကို ရောက်နေတာ
နှစ်ပတ်ကျော်ကျော်လောက်ပင်ရှိနေပြီ။
အန်တီ့ရဲ့တစ်ချက်လွှတ်အမိန့်နဲ့ဘဲ အစကအိမ်ခွဲနေမယ့်ယံကလည်း သူနဲ့အတူတစ်အိမ်ထဲမှာပင်နေရလေတော့၏။အလုပ်သွားလည်း ကျွန်တော့်ကားနဲ့အတူတူ ပြန်ရင်
လည်းကျွန်တော်နှင့်အတူတူပင်...။ထမင်းဟင်းကတော့ ပိတ်ရက်တွေလောက်သာချက်စားဖြစ်ပြီးကျန်တဲ့ရက်တွေကိုတော့ အဆင်ပြေသလိုဘဲစားလိုက်၏။အခုရက်ကပိတ်ရက်ပေမို့ ဈေးကိုယံနဲ့အတူသွားပြီး လိုအပ်တာတွေဝယ်ကာ အတူတူချက်ပြုတ်နေခြင်းပင်...။ယံ့ကိုဝိုင်းကူတုန်း
ဥက္ကတ်ဆီမှ ဖုန်းလာတာကြောင့် ဖုန်းကိုနားနဲ့ပခုံးကြားညှပ်ကာ ဟင်းရွက်တွေဆေးရင်း
သာ ပြောလိုက်လေ၏။ဖုန်ပြောပြီးတော့လည်း ဘေးမှစပ်စိန်လေးကြောင့် တစ်ချက်ပြုံးကာ"အွန်း....ပိစိနဲ့ညီနေမကောင်းလို့တဲ့...
"ဟင်!!...ဟုတ်လားအကို....အခုဇွန်နဲ့ယာယာဘယ်လိုနေသေးလဲဟင်!!!""
"ပိစိကတော့ ကောင်းသွားပေမယ် ညီကတော့
အရမ်းအဆင်မပြေနေဘူးတဲ့...ကြည့်ရတာ
ညီရဲ့နှလုံးပြန်ဖောက်တဲ့ပုံဘဲ""""အကိုကသိနေခဲ့တာလား~~~""
"ဘာကို?..ဪ..ညီ့ရဲ့နှလုံးရောဂါကိုလား...
ပြောရရင်..အကိုကပထမဆုံးသိခဲ့တဲ့လူပါ..
ညီမှာနှလုံးရောဂါရှိနေခဲ့တာကို....""
CZYTASZ
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။