Part-61(U+Z)

2.1K 87 12
                                    

"ငါ့သမီးကိုငါသေချာဆုံးမထားတယ်..
မင်းဘယ်လိုသတ္တိမျိုးနဲ့ငါ့သမီးကိုပြောရဲရတာလဲ...မေ..မီ...ခိုင်!!!"""

"ဒယ်ဒီ...."

အံကြိတ်သံဖြင့်အေးစက်စက်အသံက အခြားသူတွေအတွက်တော့ကျောချမ်းချင်စရာကောင်းနေလှပေမယ့် သူ့အတွက်တော့လုံခြုံနွေးထွေးသွားရပါသည်။သမီးကထိုသူရှိရာဆီသို့ခြေတံတိုစိတ်စိတ်လေးတွေနဲ့ပြေးသွားကာ ထိုလူ့ရဲ့လက်ကို မမှီ့မှိအောင်ဆုပ်ကိုင်ရင်း...ဖြစ်ကြောင်းကုန်စင်ကိုသူတတ်သလောက်လေးတွေဖြင့်တိုင်ပြောနေလေ၏။

"ဒယ်ဒီ..ဒယ်ဒီ...အန်တီကလူချိုး...ပေပေ့ကို
ရေတွေနဲ့ရဲပက်ရယ်..၊ရိုက်ရဲရိုက်ရယ်ဒယ်ဒီ""

".........""

"ဒယ်ဒီ...ပေပေသနားပါတယ်...ဟင့်""

ဇွန်ထိုလူ့ဆီကြည့်နေရင်းမှ ဒေါသထွက်နေသည့်မျက်နှာကနေ ချက်ချင်းပြောင်းလဲကာ သူ့ထံသို့ စိုးရိမ်ပူပန်နေတဲ့မျက်နှာထား၊‌တိကျပြတ်သားစွာလျှောက်လှမ်းလာတဲ့ခြေတံရှည်တွေ...အလုံးစုံကိုပြီးပြည့်စုံလှပါသည်။
ထိုခြေတံရှည်တွေက သူ့အရှေ့မှာခြေစုံရပ်သွားပြီး သူ့မျက်ဝန်းတွေဆီစိုးရိမ်ပူပန်စွာကြည့်နေလေ၏။

"သော်....."""

ဥက္ကတ်မိမိအရှေ့မှ ဆံပင်တွေကနေ
ရေဆက်လက်ကျကာ မျက်နှာတွေရောအကျီတွေမှာပါ စိုရွဲနေသည့် သော့်ကိုကြည့်နေမိရင်း ရင်‌တွေတဆစ်ဆစ်နာရသလို ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးပေ။ဒီလူသားနှစ်ယောက်ကို စောင့်ရှောက်ပေးမည်ပြောပြီး
ဘာမဟုတ်တဲ့မိန်းမတစ်ယောက်ဆီကနေတောင် မကာကွယ်ပေးနိုင်ခဲ့ပါ...။နှုတ်ခမ်း‌ရဲရဲလေးတွေတုန်နေသည်မှာ
ရေရဲ့အအေးဓာတ်ကြောင့်ထင်။ချက်ချင်းဆိုသလိုပင် ဝတ်ထားသည့် ကုတ်အကျီကိုချွတ်၍ ကောင်ငယ်လေးရဲ့ပခုံးပေါ်သို့လွှားပေးပြီး ရင်ခွင်ထဲမြုပ်အောင်ဖက်ထားလိုက်သည်။

"ကျွန်တော်...ခင်ဗျားကိုကျွန်တော်နှောက်ယှက်မိပြီလားဟင်...""

ထိုစကားကိုကြားချိန် ရက်ခွင်ထဲကကောင်လေးကို နဂိုထက်ပို၍တင်းကြပ်အောင်ဖက်ထားလိုက်မိသည်။မျက်လုံးထဲမှာလည်း
အရင်တုန်းက ဝမ်းနည်းနာကျင်နေတဲ့ သော်ရဲ့မျက်နှာလေးက အထင်းသားပေါ်လို့နေ၏။

"Love Servant"(On Going)Dove le storie prendono vita. Scoprilo ora