လူသူထူထပ်များပြားလှသောမြို့လယ်ခေါင်မှာတည်ရှိနေတဲ့ဈေးဝယ်စင်တာတစ်ခုမှာ လူအများရဲ့မျက်လုံးများက အရပ်ရှည်ရှည် ဘော်ဒီအမိုက်စားဖြင့်အရှိန်အဝါတစ်မျိုးထွက်နေသည့်ကောင်လေးနှင့် အသားဖြူဖြူ၊ချစ်ရာကောင်းလှသောကောင်ကလေးအပေါ်တွင် တည်မြဲနေလေသည်။တစ်ချို့ကအားကျတဲ့အကြည့်မျိုးနဲ့ကြည့်ကြသလိုတစ်ချို့ကြပြန်တော့မနာလိုဖြစ်စွာရှုံချနေကြသော်လည်းကာယကံရှင်နှစ်ယောက်မှာတော့
ဒီအဖြစ်အပျက်တွေကိုမတွေးအားဘဲ
ပြုံးပျော်ရွှင်စွာ နှစ်ယောက်တစ်ကမ္ဘာတည်နေကြလေ၏။ကိုကိုနဲ့ဇွန်နဲ့ အခုမြို့ထဲမှာရှိတဲ့ဈေးဝယ်စင်တာတစ်ခုမှာ အိမ်မှာအသုံးလိုနေတဲ့ပစ္စည်းတစ်ချို့ရယ်၊ဟင်းချက်စရာပစ္စည်းတွေနှင့်လိုအပ်သည်များကိုဝယ်နေလိုက်သည်။ကိုကိုကလည်း သူလိုအပ်နေတဲ့ပစ္စည်းတွေကို စိတ်ပါဝင်စားစွာလိုက်လံရှာဖွေပေးနေသေး၏။သူရှာခဲ့တဲ့ပစ္စည်းကိုတွေ့ရင်လည်း'"ဒါဟုတ်တယ်မလား သော်'"ဆိုပြီးအနားသို့ကပ်ကာမေးလိုက်သေး၏။မသိရင်ဇွန်နဲ့ကိုကိုက တအားကိုချစ်ကြတဲ့စုံတွေတွေလိုဘဲ။အာ့ကြောင့်မို့လဲ အပြင်ထွက်လာကတည်းက သူတို့နှစ်ယောက်ကို တစ်မူထူးစွာကြည့်နေကြနေမှာ။
အရင်ကတစ်ယောက်ထဲသွားနေကျနေရာတွေမှာ အခုကိုကိုကပါလာတော့
အရာရာတိုင်းက ပျော်ရွှင်ဖွယ်ဖြစ်နေ
သယောင်။ဒီလိုနေ့ရက်မျိုးလေးတွေသာ ဇွန့်ဘဝမှာဆက်တိုက်ရှိနေခွင့်ရရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ........။***********************************
မနက်ကအိပ်ယာနိုးတော့ ဘေးမှာကိုကို့ကို မတွေ့လို့ ထားများသွားပြီလားဆိုတဲ့စိတ်နဲ့ အပေါ်ထပ်မှပြေးဆင်းလာမိတော့
မီးဖိုချောင်ဘက်မှာ ဒုန်းဒုန်းဒိုင်းဒိုင်းအသံတွေကြောင့် ဝင်ကြည့်မိလိုက်၏။ ဝင်လိုက်တယ်ဆို အသားခုတ်တဲ့ဓားမကြီးနဲ့ ကြက်ဥကို
အားပါပါခုတ်ချလိုက်တော့ အပစ်မဲ့တဲ့ကြက်ဥလေးမှာ ဇာတ်သိမ်းမကောင်လိုက်ရှာ။ဇွန်ကြည့်နေတုန်းမှာဘဲ ဆင့်နီတုံး ပေါ်
နောက်ထပ်ရောက်လာတဲ့ကြက်ဥလေးတစ်လုံး။ဇွန်အထိတ်တလန့်နဲ့ကိုကိုရှိရာသို့သွားကာ ကြက်ဥကိုခုတ်တော့မယ့် ကိုကို့ရဲ့လက်ကို ဆွဲထားလိုက်ရသည်။
YOU ARE READING
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။