Part_16(U+Z)

2K 88 0
                                    

"သားငယ်....အန်တီ့ကိုအသီးအရွက်လေးတွေဆေးပေးထားပါဦး"

"သားကြီးရေမေမေ့တို့ညကျသောက်ဖို့အတွက်စာဖတ်ခန်းထဲကဝိုင်လေးတစ်ပုလင်းလောက်ယူပြီးအအေးခန်းထဲထည့်ထားပါဦး"

"ဟုတ်ကဲ့....အန်တီ"

"ဟုတ်....မေမေ"

ဒေါ်မေစီခန်းမှဦးဆောင်၍ချက်ပြုတ်ရေးအစီအစဉ်ကိုလုပ်နေမိ၏။အားလုံးချက်ပြုတ်ပြီးစီးသွားချိန်ရောက်တော့အချိန်မှာညနေပင်စောင်းနေပြီဖြစ်သောကြောင့်

"ကဲ...အားလုံးပြီးသွားပြီဆိုတော့၊မေမေ
ရေသွားချိုးလိုက်ဦးမယ်"
"သားတို့လည်းရေချိုးရင်ချိုးတော့လေ"

ဇွန့်မှာရေချိုးချင်သော်လည်းအကျီအဝတ်အစားအပိုမပါတာကြောင့်

"ကျွန်တော်မချိုးတော့ဘူးအန်တီ၊အဝတ်အစားလည်းပါမလာဘူးဆိုတော့လေ"

"မချိုးဘဲနဲ့တော့မနေပါနဲ့သားငယ်ရယ်.....
တစ်နေ့လုံးပင်ပန်းထားတာကို...ရေချိုးလိုက်မှလန်းသွားမှာပေါ့"

"ဟိုလေ......"

"မင်းငါ့အခန်းမှာရေလိုက်ချိုးလို့ရတယ်၊အဝတ်အစားလည်းငါ့ဟာဘဲယူဝတ်ထားလိုက်"

သူ့ကိုအားနာ၍လားမသိငြင်းရန်ပြင်နေသောကောင်လေးအားဥက္ကတ်ဝင်ပြောလိုက်ရပါသည်။

"မင်းကိုကိုတောင်ခွင့်ပြုနေတဲ့ဟာကို
ဘာမှအားနာမနေနဲ့၊သွားတော့"

"ဟုတ်ကဲ့အန်တီ"

ဇွန်လည်းအန်တီကော၊ကိုကိုပါပြောနေတာကြောင့်ထပ်မငြင်းတော့ဘဲကိုကို့နောက်သာလိုက်ခဲ့ပါ၏။

"မင်းအရင်ချိုးမှာလား"

"ဗျာ"

"အရင်ချိုးမှာလားလို့မေးနေတာ၊မင်းစိတ်တွေဘယ်ရောက်နေတာလဲ"

"ကို...အဟမ်း! အကိုဘဲအရင်ချိုးလိုက်ပါ၊ကျွန်တော်ပြီးမှချိုးတော့မယ်"

'ကိုကို'လို့ခေါ်တာမကြိုက်တဲ့သူအတွက်
ဇွန်လည်းစကားမှားတော့မည်ကိုအမြန်ပြင်လိုက်ရပါသည်။

"ကောင်းပြီလေ၊ဒါဆိုခနစောင့်ဦးနော်"

သူကိုပြောလည်းပြော  အကျီလှန်ချွတ်နေသောကိုကို

"Love Servant"(On Going)Where stories live. Discover now