Part_53(U+Z)

2.2K 98 4
                                    

"ဝေကြီး...မင်းဒီနေ့အလုပ်မသွားရဘူးလား"

"ဒီနေ့ကsun dayပိတ်ရက်လေကွာ..."

"ဪ....အေးအေး..ငါမေ့သွားလို့""

ဇွန်သတိမေ့နေတာက တနဂ်နွေပိတ်ရက်ကိုမဟုတ်ဘဲ...ဝေယံဒီနေ့အိမ်မှာရှိနေမယ်ဆိုတာကိုပင်။နေ့ခင်းဟိုလူသူတို့သားဖနှစ်ယောက်ကိုလာခေါ်တဲ့အချိန် ထိုလူ့အပေါ်
ဝေယံ့ရဲ့တုံ့ပြန်ချက်ကဘယ်လိုများဖြစ်နေလိမ့်မလဲ။အရမ်းမုန်းနေတာမျိုးမဟုတ်ပေမဲ့ ဇွန်နဲ့ပတ်သတ်ပြီး ဝေယံထိုလူ့ကိုအခဲမကျေနိုင်တာ သူအသိဆုံးပင်...။

"မင်းဒီနေ့ဈေးသွားမှာမလား....?"

"အေး..အခုသွားတော့မှာ..""

"ဒါဆိုငါ့ဖို့ ငါးသလောက်လေးချက်ပေးစမ်းပါကွာ...စားချင်လွန်းလို့""

ဈေးသွားဖို့ပြင်ဆင်နေသူကို အိမ်ရှေ့ခန်းစတီပေါ်မှာ ထိုင်ကာ ဂိမ်းဆော့နေရင်း ပြေလာသည့်စကားက နာရင်းဖြတ်အုပ်ချင်စရာ။

"ကိုယ့်ဘာသာကိုချက်စားလေ"

"ဟဲဟဲ...သူငယ်ချင်းကလည်းကွာ..ငါမှဟင်းသေချာမချက်တတ်တာ...မင်းလက်ရာကိုဘဲစွဲလမ်းနေပြီအချစ်ရယ်""

"လဲသေလိုက်!"

ပါးစပ်ကသာဆိုးဆိုးရွားရွားပြောနေပေမယ့်လဲ သူမပြောခင်ကတည်းက ချက်ကျွေးဖို့စဉ်းစားထားပြီးသာပင်။သူ့မှာခင်တွယ်စရာ
ဆိုလို့ဒီသူငယ်ချင်းလေး‌တစ်ယောက်ဘဲရှိတာလေ...။သူငယ်ချင်းဆိုတာထက်ကိုယ့်မိသားစုဝင်တစ်ယောက်လိုမျိုး သူ့တို့သားဖနှစ်‌ယောက်အပေါ်အပေါ်မှာစောင့်ရှောက်ပေးခဲ့တဲ့ သူကျေးဇူးရှင်ဆိုလည်းမမှားပေ။

"ဪ...ဒါနဲ့..နေ့ခင်းပိုင်းလောက်ကျ
ငါအပြင်သွားစရာရှိတယ်"

"ဟုတ်လား........အရမ်းကြာမှာလားမင်းက"

"မိုးမချုပ်ခင်ပြန်ခဲ့ပါ့မယ်ကွာ..နော်"

"အင်း...ငါသွားတော့မယ်ဈေးနောက်ကျရင်
မင်းစားချင်တဲ့ငါးကမလတ်ဘဲဖြစ်တော့မယ်"

"အေးအေး..သွားတော့""

************************************

"ပေပေ..ယာယာဂါဝန်ယှယှရေးဝတ်မယ်""

"Love Servant"(On Going)Hikayelerin yaşadığı yer. Şimdi keşfedin