Part_18(U+Z)

1.7K 79 0
                                    

စားသောက်ဆိုင်တစ်ဆိုင်၏စားပွဲတစ်နေရာတွင်မွှေးပျံ့လှသောကော်ဖီအနံ့မှာကြိုင်လှိုင်စွာထွက်နေသော်လည်းကော်ဖီခွက်ပိုင်ရှင်နှစ်ယောက်မှာတော့တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းစစ်ခင်းနေကြလေ၏။

"အန်တီကျွန်မကိုဘာပြောစရာရှိလို့လဲ"

သူမသားအရှေ့ကျတော့မေမေ၊အခုကွယ်ရာလည်းရောက်ရောချက်ချင်းအန်တီဖြစ်သွားတဲ့လျှာနှစ်ခွနဲ့မြွေမကိုရွံရှာသလိုကြည့်လိုက်မိပါသည်။ထို့နောက်မှာတော့သူ့အိတ်ထဲမှဖိတ်စာတစ်စောင်ရယ်၊ကိန်းဂဏန်းများစွာရေးထားသောချက်လက်မှတ်တစ်စောင်ကိုထုတ်၍မုန်းဝင့်မာန်အရှေ့သို့ချပေးလိုက်၏။

မုန်းဝင့်မာန်လည်းဘွားတော်ကြီးပေးသောအရာနှစ်ခုကိုယူကြည့်လိုက်မိပါသည်။ဖိတ်စာတစ်ခုနှင့်ချက်လက်မှတ်တစ်စောင်၊ဘွားတော်ကြီးဘာကိုဆိုလိုချင်နေတာလဲ။

"ဒါဘာသဘောလဲအန်တီ၊ဒီဖိတ်စာကရောဘယ်သူ့ဟာလဲ"

"မင်းသိချင်ရင်ဖိတ်စာကိုဖွင့်ဖတ်ကြည့်လေ"

မုန်းဝင့်မာန်ဘွားတော်ကြီးပြောတဲ့အတိုင်းဖွင့်ကြည့်လိုက်တော့မောင့်နာမည်နှင့်သူမဟုတ်သောအခြားတစ်ယောက်ရဲ့နာမည်၊ပြီးတော့သုံးထားတဲ့နာမ်စားကထိုသူမှာမိန်းကလေးမဟုတ်ယောက်ျားလေးတစ်ယောက်။
'မောင်သော်တာဇွန်'သူမပါးစပ်မှရေရွတ်လိုက်ပြီးနောက်ဒီနာမည်ကိုသူကြားဖူးပါ၏။

"အဲ့ဒါသားငယ်လေ၊မင်းအန်တီ့အလျှူလာတုန်းကအတိအလင်းမိတ်ဆက်ပေးဖူးပါတယ်...ဟုတ်တယ်မလား"

ဒေါ်မေစီ့စကားကြောင့်မုန်းဝင့်မာန်အံကိုတင်းတင်းကြိတ်လိုက်မိပါသည်။ဒါပေမယ့်သူမမျက်နှာမှာတော့ဟန်ဆောင်အပြုံးတွေကမပျက်ပြယ်သွားပါ။

"ဒီဖိတ်စာလေးတစ်စောင်ကကျွန်မကိုတားဆီနိုင်မှာတဲ့လား၊မောင်ကကျွန်မကိုအရမ်းချစ်တာသူကျွန်မကိုဘဲရွေးချယ်လိမ့်မယ်အန်တီ"

ဒေါ်မေစီလည်းထိုမိန်းကလေးကိုခနဲ့တဲ့တဲ့မျက်လုံးများဖြင့်စူးစိုက်ကြည့်လိုက်ကာ

"ဒီဖိတ်စာကမင်းကိုမတားဆီးနိုင်ဘူးဆိုရင်တောင်...ဒီစာရွက်အဖြူ‌လေးကတော့မင်းကိုတားဆီးနိုင်လောက်မှာပါ။မင်းအခြေအနေကိုမင်းသိတယ်မှာပါ...အန်တီအထူးတလည်သတိပေးစရာမလိုဘူးလို့ထင်တယ်၊ပြီးတော့မင်းပြောသလိုဘဲအန်တီ့သားကအန်တီ့ကိုအရမ်းချစ်တာ၊အန်တီစိတ်ဆင်းရဲစေမယ့်အလုပ်မျိုးသူဘယ်တော့မှမလုပ်ဘူး၊သူနဲ့နှစ်အကြာကြီးရှိပြီးချစ်ပေးတဲ့အမေထက်မင်းလိုသုံးနှစ်လောက်ဘဲတွေ့ဖူးတဲ့လူကိုအန်တီ့သားကရွေးချယ်မှာတဲ့လား..............ဟင်။
တကယ်လို့အဲ့လိုသာရွေးချယ်ခဲ့မယ်ဆိုရင်အန်တီကသူ့ကိုအမွေပြတ်စွန့်လွှတ်လိုက်မှာ။အဲ့လိုလုပ်လိုက်ရင်မင်းအကြံအစည်တွေပျက်ကုန်လောက်တယ်မလား။အဲ့တော့.............
မင်းရွေးချယ်ရမှာကအမွေပြတ်စွန့်လွှတ်ခံလိုက်ရတဲ့သူဌေးသားကိုလား၊ဒါမှမဟုတ်.....
ကိန်းဂဏန်းပေါင်းများစွာပါတဲ့ဒီချက်လက်မှတ်လား။အဟင်းဟင်း...........
ဘာတစ်ခုမှပိုင်ဆိုင်မှုမရှိတော့တဲ့အန်တီ့သားနဲ့လောကဓံတရားကိုကြံ့ကြံ့ခံပြီးတစ်အိုးတစ်အိမ်ထူထောင်ချင်လှပါချည်ရဲ့ဆိုလည်းမင်းသဘောဘဲ!.......အန်တီကတော့ကျောခိုင်းလိုက်‌တဲ့လူကိုဘယ်တော့မှလှည့်ကြည့်တတ်တဲ့အကျင့်မရှိဘူး၊အဲ့တော့မင်းကြိုက်သလိုရွေးချယ်လို့ရတယ်"

"Love Servant"(On Going)Donde viven las historias. Descúbrelo ahora