ခမ်းနားကြီးကျယ်မှုအတိပြီးသောတော်ရုံတန်ရုံလူပင်မကပ်နိုင်သည့်အထပ်မြင့်အဆောက်အဦးပေါ်ရှိVIP room တစ်ခုထဲတွင်စုံလင်လှသောအစားအသောက်များခင်းကျင်းကာရယ်မောပျော်ရွှင်နေကြသော
ချစ်သူစုံတွဲတစ်ခုရှိလေ၏။"မုန်း....ဒါလေးထည့်စားကြည့်၊စားလို့ကောင်းတယ်"
"ဟုတ်ကဲ့..မောင်"
"အင်း...စားလို့ကောင်းလိုက်တာ၊မောင်ကမုန်းအကြိုက်တောင်သိနေပြီဘဲ"
"ကိုယ့်ချစ်သူရဲ့အကြိုက်ကိုမှတ်မထားလို့မောင်ကဘယ်သူ့အကြိုက်သွားမှတ်ထားရမှာလည်းအချစ်ရဲ့"
"ဟင်းဟင်း...မောင်ကဝောာ့လုပ်ပြီ"
တစ်ယောက်နဲ့တစ်ယောက်အကြင်နာမျက်ဝန်းများဖြင့်ကြည့်ကာကျည်စယ်နေလေရဲ့။
"မောင်...."
မုန်း၏ခေါ်သံကြောင့်ဥက္ကတ်ပြုံး၍မော့ကြည့်လိုက်မိပါသည်။
"မောင့်ကိုမုန်းပြောစရာရှိလို့"
"ပြောလေ..မုန်းရဲ့"
"ဟို.....မုန်းတို့တွဲလာတာ ဒီနေ့ဆိုရင်သုံးနှစ်တောင်ပြည့်ပြီနော်မောင်"
"မုန်းတို့လည်းငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူးလေ၊အဲ့ဒါကြောင့်..........
မုန်းတို့လက်ထပ်ကြရင်မကောင်းဘူးလားဟင်"ချွဲချွဲနွှဲ့နွှဲ့အမူအရာလေးဖြင့်ချစ်စရာကောင်းအောင်ပြောလာသောမုန်းကိုဥက္ကတ်အချစ်ပိုရပါသည်။သူကိုယ်တိုင်ကလည်းလက်ထပ်ဖို့အထိရည်ရွယ်ထားတာကြောင့်သူမစကားများကိုမအံ့ဩမိပါ။မုန်းပြောသည်မှာလည်းဟုတ်ပါသည် သူတို့တွဲလာသည်မှာဒီနေ့ဆိုလျှင်သုံးနှစ်ပြည့်ပြီ။သူအနုပညာလောကထဲဝင်တာကလည်း ဆယ်ကျော်သက်အရွယ်ထဲမှာမဟုတ်လား။သူတောင်အိမ်ထောင်ပြုဖို့အရွယ်ရောက်လေပြီ။သူကအကြောင်းမဟုတ်ပေမယ့်မေမေ့ဆီကခွင့်ပြုချက်တောင်းရပါဦးမည်။
"ကောင်းပြီလေ...မောင်တို့လက်ထပ်ကြတာပေါ့"
"မောင်....တကယ်ပြောတာနော်"
"ပျော်လိုက်တာမောင်ရယ်.........."မုန်းဝင့်မာန်တစ်ယောက်အမှန်တကယ်ပင်ပျော်ရွှင်မိပါသည်။မောင့်ဘက်ကချက်ချင်းကြီးမို့ငြင်းမည်ထင်သော်လည်း၊သူထင်ထားတာနှင့်တစ်လွဲစီပင်။အခုဆိုသူ့ရဲ့အကြံအစည်တွေအောင်မြင်တော့မယ်မဟုတ်ပါလား။
VOUS LISEZ
"Love Servant"(On Going)
Fantasyအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။