Part_21(U+Z)

1.8K 89 1
                                    

ဧည့်ခန်းထဲရှိဆိုဖာပေါ်မှာထိုင်၍တစ်ယောက်သောသူကိုမျှော်နေမိသောဇွန်၊မနက်ကတည်းကထွက်သွားသည်မှာအခုချိန်ထိပြန်မလာသေး၊နာရီကြည့်တော့လည်းဆယ့်တစ်နာရီထိုးနေပြီ။ဘယ်တွေများသွားနေတာလဲကိုကိုရယ်၊ကိုကိုဘယ်အချိန်ပြန်လာလာ၊စောင့်ရမယ့်တာဝန်ကသူ့တာဝန်ပင်။ယခု
သူ့ပုံစံမှာအလုပ်သွားသောခင်ပွန်းသည်ကို
စောင့်မျှော်နေသောဇနီးသည်နှင့်ပင်တူနေလေသည်။တကယ်လည်းသူတို့နှစ်ယောက်ကအသစ်စက်စက်ဇနီးမောင်နှံတွေမလား။
ဒီလိုကျတော့လည်းသူကျေနပ်နေမိ
သယောင်။ထိုစဉ်အိမ်ရှေ့ပေါ်တီကိုအောက်မှကားသံကြား၍ထိုင်နေရာမှထရပ်မိလိုက်ပါ၏။မနက်ကအကျီမလဲဘဲထွက်သွားသောကိုကိုက ပြန်လာတော့အခြားအကျီတစ်စုံနှင့်လဲလှယ်ထားလေသည်။သူစောင့်နေတာကိုတစ်ချက်သာလှည့်ကြည့်ပြီးအပေါ်ထပ်သို့တက်ရန်ခြေလှမ်းပြင်နေသောကိုကို...

"ကိုကို"

"ကျစ်"

စုပ်တစ်ချက်သပ်ပြီးသူ့ဘက်သို့
'ဘာလဲပြော'ဆိုသည့်မျက်ဝန်းများဖြင့်
လှည့်ကြည့်လာ၏။

"ဟို...ကိုကိုထမင်းမစားဘူးလားဟင်"

"ငါစားခဲ့ပြီးပြီ"

တစ်ခွန်းသာပြောပြီးအပေါ်ထပ်သို့ခြေလှမ်းကျဲများဖြင့်ထွက်သွားလေ၏။ထမင်းစားခန်းထဲရှိစာပွဲပေါ်တွင်ပြင်ထားသောလူနှစ်ယောက်စာထမင်းဝိုင်းလေးကတော့အဖော်မဲ့သွားလေရဲ့။ဇွန်လည်းထမင်းဝိုင်းလေးကိုလှည့်ကြည့်လိုက်မိပါသည်။သူဗိုက်ဆာနေပေမယ့်လည်းစားချင်စိတ်မရှိတော့၍ကိုကို့နောက်သို့သွားလိုက်သွားမိပါသည်။

အခန်းကတော့ကိုကိုအရင်အခန်းလေးမှာဘဲ
နေဖြစ်ကြသည်။ဇွန်အခန်းထဲသို့ရောက်တော့ပြတင်းပေါက်ဘက်ကိုမျက်နှာမူ၍အိပ်နေသောကိုကို...။အိပ်ချိန်လည်းကျော်နေပီဖြစ်တာကြောင့်ချစ်ရသူဘေးရှိကိုယ်အိပ်ရမည့်နေရာလေးမှာနေရာဝင်ယူမိတော့...ရုတ်တရက်လှည့်ကြည့်လာကာမျက်မှောင်ကြုတ်၍အလိုမကျသံဖြင့်ပြောလာသောစကားတစ်ခွန်းက......

"မင်းကဒီမှာအိပ်မလို့လား"

"ဗျာ"
"ဟို........ကျွန်တော်ကဒီမှာမအိပ်လို့ဘယ်မှာအိပ်ရမှာလဲဟင်..."

"Love Servant"(On Going)Where stories live. Discover now