"မုန်း...မုန်းသတိရလာပြီ"
"အင်း......."
"မုန်း...ဘယ်လိုနေလဲ..နေရတာအဆင်ပြေရဲ့လား...."
"မောင်...မုန်း...မုန်းဘယ်ကိုရောက်နေတာလဲဟင်!"
"ဆေးရုံမှာလေမုန်းရဲ့"
"..............."
"မုန်း......မောင့်ရဲ့မုန်းလေး...."
"................"
"မုန်းရဲ့ဗိုက်ထဲမှာလေ မောင်တို့နှစ်ယောက်ရဲ့ကလေးလေးလွယ်ထားရပီ"
"ဟင်!!!...မောင်...မောင်တကယ်ပြောနေတာလားဟင်"
"မောင်ကဘာလို့ညာရမှာလဲမုန်းရဲ့"
"ဒါ...ဒါဆို...တကယ်ကလေးလေးရှိနေပီပေါ့နော်"
"ဟုတ်ပါတယ်ဆိုကွာ...ဆရာဝန်ကိုယ်တိုင်က
မုန်းရဲ့ဗိုက်ထဲမှာကလေးလေးရောက်နေတာတစ်လရှိသွားပါပြီတဲ့ဗျာ""တစ်လ..."
"တစ်လဆိုမှ မုန်းမောင့်ဆီကိုရောက်တာတစ်လမပြည့်သေးဘူးနော်...ဒါကိုဆရာဝန်ကတစ်လဆိုပြီးဘာလို့ပြောသွားတာလဲမသိဘူး"
ဟုတ်တယ်လေ...သေချာစဉ်းစားကြည့်ရင်မုန်းသူ့ဆီကိုရောက်တဲ့ရက်ကသုံးပတ်ကျော်လောက်ဘဲရှိဦးမှာမဟုတ်ဘူးလား။ဘယ်လိုဖြစ်ပြီးတော့တစ်လဖြစ်သွားရတာလဲ.။
"ဟို...မောင်ရယ်...အဲ့ဒါက...တစ်လပြည့်ခါနီးဆိုတော့ တစ်လလို့ဘဲအလွယ်ပြောသွားတာနေမှာပါ....."
မုန်းဝင့်မာန်တစ်ယောက် ဥက္ကတ်ခွန်ခိုက်ရဲ့စကားကြားတယ်ဆိုအမြန်ဖြေရှင်းချက်ပေးလိုက်ရသည်။တော်သေးတာပေါ့ရက်ပိုင်လောက်ကွာလို့သာ...လပိုင်းလောက်သာကွာလို့ကတော့ မောင်တစ်ယောက် သူလိမ်ထားတာမှန်သမျှကို သံသယဝင်မှာအမှန်။တော်သေးတာပေါ့....တကယ်ကိုတော်သေးတာ။
"အင်း....မုန်းပြောတာ ဟုတ်လောက်မှာပါ...
အဲ့ဒါတွေထားလိုက်ပါတော့ အခုအရေးကြီးတာက မုန်းနဲ့မောင့်ရဲ့ရင်သွေးလေးကို
မောင်တို့ဂရုတစိုက်နဲ့ပြုစုပျိုးထောင်ကြဖို့ဘဲအရေးကြီးတာ....နော်""အင်း...မောင့်ကိုအရမ်းချစ်တယ်နော်"
"မောင်လည်းမုန်းကိုအရမ်းချစ်တယ်"
ŞİMDİ OKUDUĞUN
"Love Servant"(On Going)
Fantastikအချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။