အပိုင်း (၁) / အပိုင္း(၁)

1K 22 0
                                    

Zawgyi Font ⤵️
----------------------

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၁)
..........................

" ဘယ်မလဲ စည်းချင်းဆိုတဲ့ကောင်၊ ဂျိုကြွနေတယ်ပြောလို့ လက်ရည်စမ်းကြည့်ချင်လို့ "

" ထွက်ခဲ့လေ ဟျောင့် ဘာလဲ ပုဆိုးကြားထဲက လက်သီးပုန်းပြနေတဲ့ကောင်လား၊ ဒါမှမဟုတ် မအေနို့မပြတ်သေးတဲ့ ချိုမိုင်မိုင်အဆင့်လားကွ အဟားဟား....

" ဟား ဟား ဟား "

ရပ်ကွက်တစ်ခုရဲ့ အတော်အသင့်ကျယ်သော စကိတ်ကွင်း၌ လူငယ်တချို့စကိတ်စီးနေကြစဥ် ဘယ်ကမှန်းမသိသော လူတစ်စုအုပ်စုဖွဲ့ပြီးရောက်လာကြ၏။ ထို့ကြောင့် စကိတ်စီးနေရာမှရပ်လိုက်ကြပြီး နောက်သို့လှည့်ကြည့်လိုက်ချိန် လူတစ်စုက သူတို့ရှိရာ ဖြည်းဖြည်းလျှောက်လာနေကြသည်။ လက်ထဲမှာလည်း ဘေ့စ်ဘောရိုက်တံကိုယ်စီနှင့်။ သူတို့နဲ့ခပ်လှမ်းလှမ်းမှာရှိနေသော လာကစားသည့် ကလေးတွေလည်း ထိတ်လန့်စွာ နောက်သို့ဆုတ်နေကြ၏။

အသလွတ် လာရိုင်းစိုင်းစော်ကားနေသော တစ်ခါမှမတွေ့ဖူးသည့် လူတစ်စုကြောင့် သူတို့သူငယ်ချင်းတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်စပစ်နေကြချိန် နောက်ဆုံးမှာရောက်နေသော သူတို့အဖွဲ့မှာ အရဲရင့်ဆုံးဟုပြောရမည့် ကောင်လေးသည် ရှေ့မှာပိတ်နေသော သူ့သူငယ်ချင်းတွေရဲ့ပခုံးတွေကို သူ့ပခုံးနဲ့တွန်းတိုက်ကာဖယ်ရင်း ရှေ့ဆုံးသို့ထွက်လာလိုက်သည်။

နှုတ်ခမ်းထောင့်မှာရှိနေသော သွားကြားထိုးတံကို တစ်ဖက်ပါးစောင်သို့ပို့လိုက်ရင်း....

" စည်းချင်းကဘယ်သူလဲတောင်မသိဘဲနဲ့  သူများပိုင်နက်ထဲလာဖင်ကျယ်နေတဲ့ကောင်တွေ အဟက် တစ်သက်လုံးမှတ်သွား.... မင်းတို့ဘိုးအေ စည်းချင်းဆိုတာ... "

မဲ့ပြုံးလိုက်ရင်း လက်တစ်ဖက်က ဘယ်ဘက်နားကပ်ကိုဖိပွတ်လျက် ပါးစပ်ထဲက သွားကြားထိုးတံကို မှုတ်ထုတ်လိုက်ကာ....

" ငါပဲ "

" သြ မလောက်လေးမလောက်စားကောင်လေးကိုး.... "

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now