String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၂၈)
..........................." ခဏထိုင်ဦးနော် "
သူမခေါင်းညိတ်လိုက်ပြီး ဆိုဖာမှာ ရိုသေစွာ ဝင်ထိုင်လိုက်၏။ မျက်လုံးတွေက အနီးဝန်းကျင်ကို ဖြန့်ကျက်ထားသည်။ နောက် ရှေ့စားပွဲပေါ် သံပုရာရည်တစ်ခွက်လာချတာမို့ နံ့သာရုံ ထိုအန်တီကို ပြုံးပြလိုက်တော့ ပျူငှာစွာ ပြန်ပြုံးပြလာပြီး ခပ်လှမ်းလှမ်းနားမှာ ခပ်ရို့ရို့သွားရပ်နေတာ တွေ့ရသည်။ အိမ်ကြီးအိမ်ကောင်းမို့ မိသားစုများမည်ထင်။ သုံးထားသည့် ပစ္စည်းတွေက ကျွန်းအစစ်တွေ ကြွေထည်တွေများတာမို့ မျက်လုံးအစာကြွေးနေမိသည်။ ထိုအခိုက်တွင် အိမ်ပိုင်ရှင်ဟုထင်ရသော ကျက်သရေအပေါင်းခညောင်းသည့် အမျိုးသမီးတစ်ဦးသည် ဧည့်ခန်းထဲသို့ ဝင်လာတာမို့ ရိုသေသမှုနဲ့ သူမမတ်တပ်ရပ်နှုတ်ဆက်လိုက်မိပါသည်။
" ထိုင် ထိုင် "
အမျိုးသမီးက ပြီးစလွယ်ပြောလိုက်ရင်း စောနက အန်တီကို ထွက်သွားဖို့ အချက်ပြလိုက်၏။ သည်အထိ သူမစိတ်ထဲ ဘယ်လိုမှမနေသေးပါ။ အပြုံးလည်းမပျက်ပေ။ သူမရှေ့က အမျိုးသမီးက မိန်းကလေးချင်းငေးယူရလောက်အောင် လှပကျော့ရှင်းနေလို့ပေ။
" တို့သူငယ်ချင်းက လွှတ်လိုက်တာဆိုတော့ များများပြောစရာမလိုတော့ဘူး မင်းကို ယုံလိုက်မယ်၊ အဲ့တော့ မင်းယူနေကြ လခက ဘယ်လောက်လဲ အဲ့ထက် တို့မင်းကို နှစ်ဆပေးမယ်၊ တို့တောင်းဆိုချင်တာ တစ်ခုတည်းပဲ စာသင်နေစဥ် တို့သားလေးကို မင်းအထူးအထူးဂရုစိုက်ပေးပါ တို့သားလေးက နေသိပ်မကောင်းဘူး မင်းသူ့ကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည်နဲ့ သင်ကြားပေးပါ "
ခါးကိုမတ်လျက် ခြေချိတ်ထိုင်ကာ အထက်စီးဆန်ဆန်အသုံးအနှုန်းတွေနဲ့ ပြောလာသော ထိုအမျိုးသမီးကို ရုံအထင်ကြီးမိခဲ့သမျှ ခဏတွင်း လေလိုပျောက်ကွယ်သွားတော့သည်။ ပြီးတော့ သူမကို စူးစိုက်ကြည့်နေသည့် မျက်လုံးစိမ်းတွေက အင်မတန်မှ နေရခက်စေသည်။ အထူးသဖြင့် ညှိနှိုင်းတာမဟုတ်ဘဲ အမိန့်သဘောချုပ်ကိုင်သည့် စကားလုံးတွေကို သူမဘဝင်မကျ။

ESTÁS LEYENDO
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...