String of heart 💕
(နှလုံးသားစောင်းကြိုး)
အပိုင်း(၁၇)
........................
" အဟင့် ဟင့်.... "
ရှိုက်သံလေး တစ်စတစ်စ ကျယ်လောင်လာလေလေ ပိုတိုးလို့ပွေ့ဖက်ထားလေလေတည်း။
သူ့လက်နဲ့ဖိမိနေသည့် သူမဆံပင်အခွေလိပ်လေးတွေကို ညင်သာယုယစွာပင် ကိုင်တွယ်ကြည့်မိနေသည်။ ဆံသားလေးတွေက ပျော့ပျောင်းမလိုနဲ့ ကြမ်းရှရှလေး၊ ထူထဲသိပ်သည်းတဲ့ဆံမျှင်တွေ၊ စံပယ်ရနံ့သင်းနေတဲ့ ကိုယ်သင်းရနံ့....။ အရာအားလုံးဟာ ပုရိသယောကျ်ားတို့ စွဲလမ်းတပ်မက်ချင်စရာအတိ။ အခုလို ရင်ခွင်ထဲရောက်နေပြီးမှ ဘယ်သူက ကြည်ကြည်ဖြူဖြူ ပြန်လွှတ်ပေးမှာတဲ့လဲ။ လူတိုင်းက သူမလို အားနာတတ်တဲ့လူ မဟုတ်ချေ။
" အဟင့် အင့် အင့် "
တအင့်အင့်နဲ့ ထွက်နေဆဲ ရှိုက်သံသဲ့သဲ့လေး။ အတန်ကြာပွေ့ဖက်ထားပြီးမှ စည်း စိတ်လျော့လိုက်ကာ တရှုံ့ရှုံ့ငိုနေတဲ့ မျက်နှာလေးကိုကြည့်ချင်တာမို့ ရင်ခွဲထဲကနေဆွဲခွာ၍ သူမလေးကို စီးမိုးကြည့်လိုက်၏။ ထိုအခိုက် နံ့သာရုံသည် နေရာမှာတင် ဒူးလေးတုပ်၍ ထိုင်ချလိုက်ကာ....
" အီး ဟင့် အဟင့် အင့်.... "
"ဟောဗျာ.... အော်ငိုနေတာပေါ့ ဟုတ်လား၊ မရှက်ဘူးလား ဟင် ကလေးလည်းဟုတ်ဘဲနဲ့ "
သူ့အမေးကို ချက်ချင်းပြန်မဖြေသေးဘဲ သူမက အားရအောင်ငိုပြီးကာမှ မျက်ဝန်းစိုစိုရွှန်းလဲ့နေသည့် မျက်တောင်ရှည်ကြီးတွေ လှုပ်လာပြီး သူ့အားပင့်ကြည့်လာတာမို့ စည်းနှစ်ခြိုက်စွာ ပြုံးရယ်ပြလိုက်သည်။ ဆံပင်လိပ်လေးတွေက မြေကြီးပေါ်ပုံလျက်သားလေးရှိနေကာ ဒူးနှစ်ဖက်ပေါ်လက်လေးတင်လျက် ငြူစူစူပုံစံလေးရှိနေပုံက သူ့အသည်းတွေကို ခြွေချနေသလိုပင်။ ကိုယ်လေးကိုင်း၍ စည်းလက်တစ်ဖက် ရှေ့ထုတ်ကာ...
" အင့် ထ "
ပင့်သက်ရှိုက်လိုက်ပြီး သူ့လက်ကိုပုတ်ထုတ်ဖယ်ရှားလိုက်ကာ သူမအသာလေးထရပ်လိုက်၏။ မြေကြီးပေါ်ကျနေသည့် လွယ်အိတ်ကိုပြန်ငုံ့ကောက်၍ လွယ်လိုက်ပြီး ဘာစကားမှမဆိုဘဲ မျက်ရည်တွေကိုသုတ်လျက် စည်းကိုကျော်ဖြတ်ကာ လျှောက်ထွက်လာခဲ့တော့သည်။
ВЫ ЧИТАЕТЕ
String of Heart (နှလုံးသားစောင်းကြိုး)
Любовные романы" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...
