အပိုင်း(၃၄)/အပိုင္း(၃၄)

61 5 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃၄)
..........................

ခေါင်းထဲတရိပ်ရိပ်ဖြစ်နေပြီး ကိုယ်တွေလက်တွေနာကျင်နေတာမို့ အကိုက်ခဲပျောက်ဆေးနဲ့အစာအိမ်ဆေးတွဲသောက်ထားလိုက်သည်။ တကယ်တော့ နံ့သာရုံအခြေအနေက အိပ်ရာပေါ်မှာ ငြိမ်ငြိမ်​လေးလှဲနေဖို့ကောင်းတာ။ ဒီနေ့က menstruation ပထမဆုံးလာတဲ့ရက်ပေါ့။

📲 " ချစ်သူရင်အုံဘယ်ဘက်ခြမ်းက တုန်ခါနေဆဲလှိုင်း.... နင်မရှိလို့မဖြစ်တဲ့ ငါ့ဘဝ၊ နောက်ဆုံးထွက်သက်ထိ ငါချစ်ဦးမှာ၊ ရင်ခုန်သံများက... ကျယ်လောင်နေဆဲလား....  " 📲

အပေါ်ထပ်အကျီပါးတစ်ထည်ကို ဗီရိုထဲမှရွေးနေစဥ် စားပွဲပေါ်တင်ထားသည့် သူမဖုန်းမှ ringtone သံမြည်လာတာမို့ သွားကိုင်လိုက်ပြီး...

" ဟဲလို "

" ဟဲလို .... "

ဘာသံမှမကြားရ.... ။ ဖုန်းနံပါတ်ကလည်း နိုင်ငံခြားကောဖြစ်နေတာမို့ လိုင်းကြောင့်များလားဟု speaker ဖွင့်လိုက်မိပါသည်။

" ဟဲလို ဘယ်သူပါလဲ.... "

" ဟဲလို "

နားစွင့်နေချိန် ရုတ်တရက်ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ကတုန်ကယင်တွေဖြစ်သွားမိသည်။ တလှပ်လှပ်တုန်လာသော ရင်ဘက်ပေါ် လက်ဝါးတင်ထား၍ ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

" နေကောင်းလား သမီးလေး "

၁၀ စုနှစ်လောက် ဝေးကွာနေသော အမျိုးသမီးရဲ့အသံက ဘာမှမပြောင်းလဲသွားခဲ့ပါ။ အရင်လို အသံကတစ်ဆင့် ကရုဏာတွေ မေတ္တာတရားတွေ ပေးနိုင်စွမ်းသေးသည်။ ဖုန်းကိုကိုင်ထားသည့် လက်က ချွေးစေးတွေထွက်နေပြီး နောက်တစ်ဖက်ကတော့ ရေခဲတမျှအေးစက်နေခဲ့သည်လေ။
အေးစက်ရာမှ ဘယ်ဘက်ရင်တစ်ခုလုံး နာကျင်လာသည်ကို တစ်စတစ်စ ခံစားလာရသည်။

" မေမေပါ.... "

ထိုစကားက ဦးနှောက်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီးနောက် အိပ်မက်လား တကယ်လားဟု ဇဝေဇဝါဖြစ်သွားပြီး ဖုန်းကိုင်ထားသည့်လက်မောင်းကို ခပ်ဆတ်ဆတ်ဆွဲဆိတ်လိုက်ရာ လက်သည်းရာထင်သွားပြီး ' အ ' ဟု တိုးတိုးကလေးအော်လိုက်မိသည်။ ' မေမေတဲ့လား.... ' ။ ဝမ်းနည်းနာကျင်သမျှ နှစ်သိမ့်ပေးသလိုမျိုး အသံမျိုးပေမယ့် နုနယ်နေသေးသည့် နှလုံးသားက လက်သင့်မခံနိုင်သေးပါ။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now