String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၂၂)
.........................." ကိုသော်ကတို့ လာတယ်ဟေ့ ခေါ်ခေါ်၊ ဇနီးချောနဲ့ သားလှရတနာတွေလည်း ပါလာတယ် အထဲခေါ်ကြ "
၇ နာရီဝန်းကျင်လောက် dinner ပွဲသို့ မိသားစုအစုံအလင် ရောက်ရှိသွားတော့ အားလုံးက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ကြိုဆိုကြသဖြင့် ဦးသော်ကနဲ့ ဖအေတူသား စည်းချင်းက ပြုံးတုံ့တုံ့နဲ့ သဘောတွေ့နေတာပေါ့။ သားဖသုံးယောက်လုံး အနောက်တိုင်းဝတ်စုံတွေနဲ့ ယောကျ်ားပီသစွာ ခန့်ညားလျက်ရှိနေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာချစ်သည်လည်း နီညိုရင့်ရောင် ဂါဝန်တိုလေးနဲ့ အပျိုရှုံးအောင် လှနေ၏။ ပုလဲတစ်ဆင်ဆာကို ဆင်မြန်းထားရာ တင့်တယ်ဝင့်ကြွားဟန်ကိုလည်း သိမ်းပိုက်ထားလေသည်။
ခြံကျယ်တစ်ခု၌ ကျင်းပသော ညစာစားပွဲကြီးမှာ လူကုံထံအသိုင်းအဝိုင်းက မြို့မျက်နှာဖုံးများ၊ လုပ်ငန်းရှင်ကြီးများ၊ နယ်ပယ်အသီးသီးမှ ရာထူးရာခံရှိသော ပုဂ္ဂိုလ်များက နေရာယူထားလျက်ရှိသည်။ ပါချီပါချက် ဘောင်မဝင်သောလူများကို သည်လိုနေရာမျိုးက လက်သင့်ခံကြိုဆိုခြင်းမရှိချေ။
ရေချိုးကန်ကို မျက်နှာမူထားသော စားပွဲဝိုင်းတစ်ခုမှာ သူတို့တွေထိုင်လိုက်ချိန် သောက်စရာတွေကို အရင်လာချပေးသည်။ ဘူဖေးမို့ ကြိုက်ရာအစားသောက် သွားယူနိုင်သည်။
" ကိုသော်က... ခင်ဗျားနောက်ကျတယ်နော် ကျုပ်တို့က မျှော်နေတာဗျ ဟိုဘက်ဝိုင်းကို လာခဲ့လေ လူစုံနေပြီ "
" လာမလို့ပဲ သားငယ်လေးက သိပ်နေမကောင်းလို့ သူ့ကိုအိမ်မှာ သေချာဂရုစိုက်နေရတယ်၊ သက်သာတယ်ဆိုမှ ထွက်လာခဲ့တာ၊ မိန်းမအလှပြင်တာလည်း စောင့်ရသေးတယ်လေဗျာ "
" သိပါတယ်ဗျာ ခင်ဗျားက မိသားစုကို သိပ်ချစ်တယ်ဆိုတာ၊ ဒါမဲ့ ဒီလိုနေ့မျိုးက ရခဲတယ်နော် ဘယ်လိုလဲ မိန်းမဆီက ပါမစ်ယူပြီးပြီလား "
" ကဲ မိန်းမရေ မေးနေပြီ ယောကျာ်းကို ခွင့်ပြုမှာလားမိန်းမ ဟင် "
အများရှေ့မှာတင် စားပွဲပေါ်တင်ထားသည့် သူမရဲ့ လက်တစ်ဖက်ကို ယုယုယယ သူဆွဲယူလိုက်ပြီး မျက်နှာလေးကို စေ့စေ့ကြည့်၍ မကြားရတာ ကြာပြီဖြစ်သော ချိုသာနူးညံ့သည့်အသံဖြင့် မေးလိုက်သည်။
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...