အပိုင်း(၂၉)/အပိုင္း(၂၉)

64 8 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၂၉)
.............................

ကောင်းကင်ထက် နေရာယူထားသည့် နေဝန်းနီနီ။ တဖြည်းဖြည်း မြင့်တက်လာသည့် အပူချိန်ကိုအံတု၍ ရှုပ်ယှက်ခတ်အောင် သွားလာနေကြသည့် ကားတွေလူတွေ... ။

" ပီဇာရပါပြီ "

" ကြက်ကြော် သုံးပွဲနော် "

လမ်းဘေးစားသောက်ဆိုင်တစ်ခု၌ စည်းကားနေသော စျေးဝယ်သူတွေ။ ဆိုင်မှ အရောင်းဝန်ထမ်းတွေသည် သွက်လက်စွာ ကြော်လှော်နေကြသော်လည်း လက်မလည်အောင် ရောင်းနေရသည်။ တချို့တွေက မစောင့်နိုင်တော့သဖြင့် ပြန်လှည့်ထွက်ကာ တခြားမှာသွားဝယ်နေကြ၏။ တန်းစီနေသော ဝယ်သူများထဲတွင် စိတ်ရှည်စွာ တညောင်းရပ်စောင့်နေသူထဲမှာ နံ့သာရုံလည်း အပါအဝင်ဖြစ်သည်။

" ကြက်ကြော်ဆယ်ပွဲ ပါဆယ်လုပ်ပေးပါနော် "

" ဟုတ်ကဲ့ပါ ခဏလေးစောင့်ပါ "

နာရီဝက်လောက် စောင့်ပြီးသကာလ သူမအလှည့်ရောက်လာပြီမို့ သက်ပြင်းဖွဖွချကာ ဆက်၍စောင့်ဆိုင်းနေလိုက်၏။

" ဟိတ် "

ထိုအခိုက် သူမရဲ့ညာဘက်ပခုံးကို တစ်ယောက်က ဖွဖွပုတ်ပြီး ခေါ်လိုက်တာမို့ သူမလှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ။ ညာဘက်ုခြမ်းကို ငဲ့ကြည့်လိုက်တော့မှ သူမဘေးမှာရပ်နေသည့် လူတစ်ယောက်... ။ ရုတ်တရက် အကြောင်သားငေးကြည့်မိနေပြီး သူ့ဘက်က စကားစလာသည်။

" ကြက်ကြော်လာဝယ်တာလား "

" အမ် ဟုတ်တယ် "

ခေါင်းလေးညိတ်ပြီး ပြောလိုက်တော့ သူက ခပ်ဖွဖွပြုံးပြသည်။

" ကိုမင်းခရော ကြက်ကြော်လာဝယ်တာပဲလား "

" ရုံ့ကိုတွေ့လို့ လာနှုတ်ဆက်တာ "

" ကြက်ကြော်ဆယ်ပွဲရပါပြီ .... "

အသင့်ထုတ်ထားသည့် ပိုက်ဆံကိုလှမ်းပေးလိုက်ပြီး ပါဆယ်ထုပ်ကို ယူလိုက်၏။ ကြက်ကြော်အနံ့ကြောင့် ရုံပြုံးလိုက်မိသည်။ ကလေးတွေလည်း ကြက်ကြော်ဝယ်လာတာမြင်ရင် ပျော်သွားကြမှာ.... ။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now