String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၁၈)
........................." အခြေအနေဘယ်လိုရှိလဲ ဂျူးဂျူး "
" ဘာအခြေအနေလဲ သင်ဇာ "
" ဟင် ရှင်းရှင်းလေးကို ရှုပ်နေပြန်ပြီကော "
" အဟင်း ဟင်း.... "
အကြံဆိုးနဲ့ ညစ်ကျယ်ကျယ်ပြုံးလိုက်သော ဂျူးဂျူးမြင့်အောင်ရဲ့အပြုံးကို သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ သင်ဇာအောင်က ကြည့်လိုက်တာနဲ့ သိတာမို့ သူမလိုပင် ပြုံးလိုက်တာကို တွေ့ရသည်။
" ရီလို့ဝရင်လည်းပြောဦး.... ဒီမှာ သိချင်လွန်းလို့ နားနှစ်ပေါက်လုံးဖွင့်ထားတယ် "
" အိုကေ ငါ့သူငယ်ချင်းလေး သိပ်မသိချင်ရှာပါဘူး "
" တော်ပြီ မပြောလည်းနေတော့ဟာ "
" ငါအတည်ပြောမို့ကို... "
စားလက်စကို လက်စဖြတ်လိုက်ပြီး မျက်နှာလည်းတည်သွားကာ အတည်ပေါက်နဲ့ စတင်ပြောတော့သည်။
" သူက ငါတို့စုံစမ်းထားတဲ့အတိုင်းပဲ .... လုံးဝ free စတိုင် ဘယ်မိန်းမကိုမှ စိတ်ထဲထည့်ထားပုံမရဘူး၊ အားလုံးက သူ့ကို ပျော်တော်ဆက်နေတဲ့ အရုပ်တွေသက်သက်လိုပဲ၊ သူ့စိတ်ထဲနည်းနည်းမတွေ့ရင် လှည့်တောင်မကြည့်တတ်ဘူး တစ်ဖက်မှာ ဘာနေနေဟာ လုံးဝသွေးအေးတာ... သူ့ကိုလာထိပြီဆိုလည်း အဲ့လူဘယ်မှာပုန်းနေနေ မြေလှန်ရှာပြီး တစ်စစီဖြစ်အောင်လုပ်တာ၊ အဲတစ်ခုတော့ ကျောချမ်းစရာကောင်းတယ်.... ကျန်တာတွေက သူ့အကြောင်းကြိုသိထားတော့ ငါလှုပ်ရှားဖို့လွယ်တာပေါ့ဟယ် "
" အင်း.... ဟုတ်ပါပြီ ငါသိချင်တာတစ်ခုက နင်သူနဲ့ နီးနီးကပ်ကပ်နေရတော့ သူ့အပေါ်ဘယ်လိုစိတ်မျိုးဖြစ်လာလဲဟာ ပြောစမ်းပါ "
" နင်ဘယ်လိုထင်လို့လဲ "
တမင်ကို မပြောဘဲထားကာ သင်ဇာ့အဖြေကို သိချင်တာမို့ ဂျူးဂျူး မေးလေးငေါ့မေးလိုက်တော့....
" စည်းချင်းက အရမ်းမိုက်တော့ သူ့အပေါ် မရိုးမသားစိတ်ဖြစ်မိတယ်မလား ဝန်ခံနော် "
သူမထင်တဲ့အတိုင်း သင်ဇာက တစ်လုံးမလွဲပြောလာသည်။ အင်းလေ သူ့နေရာမှာ ဂျူးဆိုလည်း အဲလိုတွေးမိမှာပဲ။ စည်းချင်းက တွေးရင်တွေးသလောက် စိတ်ကူးယဥ်ရင်ယဥ်သလောက် ရူးသွပ်စရာလေးကို....။ သူမလည်း သူ့အပြော သူ့အကြည့် သူ့အမူအယာတွေအောက် မျောပါမသွားအောင် ထိန်းနေတဲ့ကြားက လွတ်ထွက်သွားသေးတာပဲ။ အထူးသဖြင့် ရီဝေဝေသူ့အကြည့်နဲ့ ရူးသွပ်စရာကောင်းလှသည့် အထိအတွေ့လေးတွေ... ။ ပြောရင်းဆိုရင်း စည်းချင်းကို သတိရလာတာမို့ အဲ့စိတ်ကို ဖျောက်နိုင်အောင်ကြိုးစားလိုက်ပြီး သင်ဇာ့ရှေ့မှာ ဘာမှမဖြစ်သလို မျက်နှာပေးဖြင့် ....
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...