အပိုင်း(၃၆)/အပိုင္း(၃၆)

79 6 0
                                    

String of heart💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃၆)
...........................

" အယ်လဲ့ ကြည်နူးနေကြတယ်ပေါ့ အချိန်ကိုက်ပဲဟေ့ သောက်ရမ်းမိုက်တယ် "

ရုတ်တရက် အနီးအပါးမှ ထွက်လာသည့် ရုပ်ရင်းကြမ်းတမ်းသော အသံနေအသံထားဖြင့် ပြောလိုက်သော လူတစ်ယောက်ရဲ့အသံ... ။ ထိုလူ့နောက်မှလည်း ရယ်သံများ ဖြည့်စွက်၍လာသည်။

သူတို့နှစ်ယောက်လုံး လှည့်ကြည့်လိုက်မိ၏။

မိုက်တိမိုက်ကန်းပုံစံတွေနဲ့ အုပ်စုဖွဲ့ပြီး ရန်ထောင်နေပုံကြည့်ခြင်းဖြင့် ဘယ်သူရှိဦးမှာလဲ..... ။ ဝေကြီးတို့အုပ်စုပဲပေါ့။ မကျေပွဲမနွှဲခဲ့ရသည့် ရန်ငြိုးရန်စကို တေးမှတ်ထားပြီး အခုလို သူတစ်ယောက်ထဲရှိနေချိန်ကိုချောင်းပြီး မိုက်ကြေးခွဲပုံများ ဘယ်လောက်သွေးကြောင်လိုက်ဘိသနည်း.... ။

စည်းပုံစံက နည်းနည်းမှတုန်လှုပ်မှုမရှိ။ အမြဲသတိကပ်ထားသည့် လူတစ်ယောက်လိုမျိုး သူတို့ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။

" မတွေ့တာကြာပြီနော် စည်း ချင်း.... "

လူမှုရေးအရ နှုတ်ဆက်တာမျိုးမဟုတ်ဘဲ မုန်တိုင်းတစ်ခုကို သယ်ဆောင်လာဖို့ အစပျိုးနေပြီဟု သူထင်သည်။ အခုချိန်မှာ သူမှုတာတစ်ခုပဲ၊ သူတို့ရန်ပွဲထဲ သူမကို ကြားမညှပ်စေချင်ပါ။ အထူးသဖြင့် သူ့ကြောင့် သူမဆံချည်တစ်မျှင်တောင် အထိခိုက်မခံလို။

စည်းချင်းသည် ရှေ့သို့ ခြေနှစ်လှမ်းတိတိလှမ်းလိုက်ပြီး သူမရှေ့ကနေမားမားမတ်မတ်ရပ်လိုက်၏။ လက်တစ်ဖက်ကိုလည်း မသိမသာဆန့်ထုတ်ပြီး သူမဘက်သို့ ကာပေးထားသည်။

" ငါတို့ကိုတော့ မင်းမှတ်မိမှာပေါ့ ဒါမဲ့ မင်းပေးခဲ့တဲ့ ဟောဒီဒဏ်ရာကိုတော့ မင်းလွယ်လွယ်မှတ်မိမယ်မထင်ဘူး ဟွန်း ဒီမှာလေကွ ကြည့်စမ်း.... "

ခပ်လှမ်းလှမ်းမှာရပ်နေသည့် ဝေကြီးက ရှေ့သို့ကိုင်းညွတ်ပြီး သူ့နဖူးပေါ်က စည်းလက်ဆောင်ပေးခဲ့သည့် အနာရွတ်ကို လက်နှစ်ဖက်နဲ့ သေချာကိုပြနေ၏။ ပြီးတော့ ခနဲ့တဲ့တဲ့ပြုံးမလိုလိုနဲ့ ဒေါသတွေပါလာသည့် မျက်နှာက ဘီးလူးသဘက်စီးသည့်နှယ် ရုတ်ချည်းပြောင်းလဲသွားတော့သည်။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now