အပိုင်း(၂၇)/အပိုင္း(၂၇)

55 8 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၂၇)
.............................

" ခုပဲအိပ်သွားတာ "

အခန်းထဲ ဝင်လာသော စည်းချင်းကို မမေးရသေးခင် ဒေါ်တင်ထား ဦးစွာ ပြောလိုက်သည်။ အိပ်ပျော်နေသည့် ညီဖြစ်သူနားသွားပြီး မျက်နှာကို တစ်ချက်ကြည့်လိုက်၏။ နောက် ဘေးကခုံဆွဲပြီး ခုတင်ခေါင်းရင်းနားမှာ ထိုင်လိုက်သည်။ မနေ့က ဆေးရုံဆင်းလာပြီး ညကျတော့ သတစ်လစ်ချင်သလိုဖြစ်သွားလို့ ဇာနည့်ကို ဆေးရုံပို့ရပြီမှတ်တာ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်လိုက်တော့ မိနစ်ပိုင်းအတွင်း သက်သာသွားတာမို့ သူလည်း စိတ်ချသွားပြီး အိပ်လိုက်တာ ခုမှနိုးလာခြင်းဖြစ်သည်။

" မောင်စည်းအတွက် ဒေါ်ထားမနက်စာပြင်ပေးမယ်လေ ဘာမှမစားရသေးဘူးမှတ်လား "

သူခေါင်းကိုသာ ခါယမ်းပြလိုက်၏။ မျက်နှာအမူအယာက အရမ်းကိုတည်တင်းနေတာမို့ ဒေါ်ထားလည်း ဆက်မပြောတော့ချေ။ သေချာကြည့်မိမှ စည်းမျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေက မပျောက်သေးတာမို့ စိတ်မကောင်းဖြစ်သွားသည်။

ဆေးဘူးလေးယူပြီး စည်းရှေ့ ကမ်းပေးလာတော့ မော့ကြည့်လိုက်သည်။

" ဒေါ်ထားဆေးထည့်ပေးရမလား "

" မလိုဘူး "

" မျက်နှာပေါ်မှာ အမာရွက်တွေကျန်နေခဲ့မှာစိုးလို့ပါ "

" ကျစ် အရေးမပါတာတွေ အရာမသွင်းချင်ပါနဲ့၊ ကျွန်တော် ဘာဖြစ်ဖြစ် လွှတ်ထားလိုက် "

စိတ်မရှည်သလို လေသံနဲ့ စည်းပြောလိုက်သည်။ သို့သော် ဒေါ်ထားကတော့ မှုဟန်မပေါ်။ ဆေးဘူးကို သူ့ရှေ့မှာ ထုတ်လိုက်ပြီး ညှစ်ဆေးဘူးလေးကို အဖုံးဖွင့်ကာ လက်ညှိုးထိပ်မှာတင်လိုက်၍ စည်းရဲ့ ညာဘက်မေးရိုးပေါ်က အစင်းရာကို ခပ်ကြမ်းကြမ်းလေးလူးပေးလိုက်တော့ ဆတ်ခနဲ မော့ကြည့်လိုက်ရင်း...

" ကျစ် မလုပ်နဲ့လို့ပြောတယ်မလား.... မြင်နေရတာ စိတ်မချမ်းသာရင် မျက်နှာလွှဲထားလိုက်ပါ ဒေါ်တင်ထား "

ရုတ်ခနဲ ထရပ်လိုက်ပြီး ကလေးကိုဆူငေါက်သလိုမျိုး ခါးတစ်ဖက်ထောက်လျက် ပြောလိုက်ရင်း တံခါးဘက်သို့ လျှောက်သွားလိုက်သည်။ နောက် တံခါးဖွင့်ပြီး အပြင်သို့ မထွက်ခင်....

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now