အပိုင်း(၃၉)/အပိုင္း(၃၉)

83 8 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃၉)
........................

စည်းချင်းသည် ငယ်ငယ်ထဲက ပြိုင်ဆိုင်လိုစိတ်ပြင်းပျခဲ့တာပင်။ သူ့ကို ဒါလုပ်ဆိုပြီး အမိန့်လာပေးရင် အရွဲ့တိုက်တတ်ပြီး မလုပ်နိုင်ဘူးလားလို့ လာဖဲ့ရင်တော့ အစွမ်းပြတတ်သူဖြစ်သည်။

စာမေးပွဲဖြေခါနီး အများစာလုပ်နေကြချိန် စည်းတို့ အေးဆေးလုပ်နေသဖြင့် စာမေးပွဲရှုံးပြီဟု ဝိုင်းပြောတော့ သူအတော်လေးတင်းသွားသည်။ ဒါကြောင့် ပြောတဲ့သူအကုန်လုံးကို သူပတ်စိန်ခေါ်ခဲ့၏။

" စာမေးပွဲမှာ မင်းတို့ထက် အမှတ်ပိုများပြီး အောင်ခဲ့မယ်ဆိုရင် မင်းတို့တွေ ကျောင်းရှေ့မှာ နားရွက်ဆွဲပြီး ဆရာခေါ် ထိုင်ထအခါ ၁၀၀ လုပ်ရမယ် စိန်မလား.... "

" ဟ ဟ စိန်တာပေါ့ ဘာလို့မစိန်ရမှာလဲ၊ မင်းရှုံးရင်ရော... "

" ရာဇဝင်ကိုမရှိတာ "

" အပြောကြီးတာကွာ စောင့်ကြည့်လိုက်ဦးမယ် စာမေးပွဲဖြေဖို့ ၁ လပဲလိုတော့တာ၊ ဒီကောင်ဘယ်လိုစာကျက်မလဲဆိုတာ... "

စည်းချင်း မထီမဲ့မြင်ပြုံးလိုက်သည်။ ရက် ၃၀ လုံးကို သူပိုင်တယ်။ မိန်းကလေးတွေကျက်သလို ဧသည်မရွေးကျက်စရာမှမလိုဘဲ အဓိကအချက်တွေချည်း ရွေးကျက်လိုက်တော့ ဉာဏ်ကောင်းသည့် သူ့အဖို့ အောင်ဖို့ဆိုတာ မခက်ခဲ....။ မထင်မှတ်ထားဘဲ အမှတ်ကောင်းကောင်းနဲ့တောင် အောင်လိုက်သေးသည်။ သူ့ကို အထင်သေးတဲ့ကောင်တွေတော့ လိမ့်ပိန့်ခံပေဦးတော့။ စည်းတို့က စင်ပေါ်ကပဲ။

သူ ၈ တန်းတုန်းက ကျောင်းသားချင်းရန်ဖြစ်လို့ မိဘကို တိုင်စာပို့ပြီး ရုံးခန်းရောက်ခဲ့ရတဲ့ အဖြစ်ကို သူမမေ့သေး.... ။ ပို၍အမှတ်ရနေတာက ထိုနေ့ကိုပေါ့။

ရန်ဖြစ်ရသည့် အကြောင်းက အရမ်းကိုပဲ ရိုးရှင်းသည်။ သူအမြတ်တနိုးထားသည့် ထောက်ချွန်ကို အတန်းဖော်သူငယ်ချင်းအား ခဏငှားလိုက်ရာမှ အစပြု၏။ ငှားတဲ့ကောင်က သူသုံးဖို့ငှားတာမဟုတ်ဘဲ ဖွန်ကြောင်နေသည့် ကောင်မလေးကို မျက်နှာလိုမျက်နှာရလုပ်ပြီး ငှားလိုက်တော့ ကြားထဲက စည်းထောက်ချွန်က အစရှာမရ ပျောက်သွားသည်ပဲဆိုပါတော့။  ဒါနဲ့ တင်းပြီး ငှားတဲ့ကောင်ကို သွားဖြဲတော့.....

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now