အပိုင်း (၂) / အပိုင္း (၂)

271 12 0
                                    

Zawgyi Font ⤵️
----------------------

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၂)
.........................

နေ့လည်ခင်း ကျောင်းဆင်းချိန်မှာ အိမ်ပြန်သူကပြန် အခန်းထဲ ထမင်းချိုင့်ဖွင့်စားသူကစား ကန်တင်းထိုင်သူကထိုင်ကြသော်လည်း နံ့သာရုံသည် မိမိထိုင်ခုံမှာပင် တောင့်တောင့်လေးရှိနေမိ၏။ နောက်မှ သတိဝင်လာပြီး စာအုပ်တွေလည်း မသိမ်းရသေးတာမို့ သိမ်းဆည်းပြီးလွယ်အိတ်ထဲထည့်ကာ အပြင်ထွက်လာခဲ့လိုက်သည်။ ဘယ်မှသွားဖို့လည်း စိတ်မပါတာမို့ အခန်းအပြင်ဘက်ထောင့်နားက ခုံတန်းရှည်မှာ လူမရှိသဖြင့် ရုံသွားထိုင်နေလိုက်တော့သည်။

" ရုံ... "

ကျောဘက်ဆီကမို့ ရုံလှည့်ကြည့်လိုက်သည်။

" သြော် ကိုဇွဲ... "

" ရုံဘာစားပြီးပြီလဲ "

" ဟင့်အင်း "

" ဟမ် ဒါဆို ဒီမှာဘာထိုင်လုပ်နေတာလဲ၊ အရေးမပါတာတွေ ခေါင်းထဲထည့်ပြီး စိတ်ဆင်းရဲခံနေပြန်ပြီလား "

ဝဲယာဘက် ရုံနဲ့ နည်းနည်းခွာသော အနေအထားတွင် ဇွဲနောင်ရိုးဝင်ထိုင်လိုက်ကာ သူမရဲ့ စီနီယာပီပီ ရင်းနှီးစွာပြောလိုက်သည်။ ရုံက သူ့အား ပြုံးတယ်ဆိုရုံကလေးသာ ပြုံးပြလာ၏။ ပြီးတော့ ပင့်သက်ရှိုက်ကာ မျက်လွှာချသွားတာမို့ သူစိတ်တိုင်းမကျဖြစ်ကာ....

" ဥက္ကာကိစ္စမလား.... ကိုဇွဲသိပြီးပါပြီ "

ကိုဇွဲဘယ်လိုလုပ်သိသွားလဲဆိုသည့် အကြည့်ဖြင့် ရုံမော့ကြည့်လိုက်ပြီးမှ ရုံတို့အခန်းထဲမှာ ကိုဇွဲ ညီမဝမ်းကွဲတစ်ယောက်ရှိသည်ကို သတိရသွားပြီး ပြန်မမေးဖြစ်တော့ပေ။

" ရုံ့အမှားမှမဟုတ်တာ.... အပြစ်မကင်းသလိုခံစားမနေနဲ့ ကြာရင် သူ့ဟာသူအဆင်ပြေသွားလိမ့်မယ်၊ စိတ်ညစ်နေရင် စာကျက်တဲ့နေရာမှာ အနှောင့်အယှက်ဖြစ်လိမ့်မယ်နော် ရုံ.... ကိုယ့်ကိုယ်ကိုယ်အထိခိုက်မခံချင်စမ်းပါနဲ့ကွာ ဟုတ်လား "

ကိုဇွဲဆီက နွေးထွေးကြင်နာမှု အငွေ့အသက်တွေကို ရုံခံစားရသဖြင့် စိတ်ကလေး ကြည်လင်စပြုလာသည်။ တစ်ဖက်လူ အားတက်အောင် ပြောတတ်သော ကိုဇွဲသည် ရုံ့အတွက်တော့ အစားထိုးမရသည့် မိတ်ဆွေရင်း အားကိုးရသော တစ်ဦးတည်းရှိသည်ဟု ခံယူထားသည့် ယောကျာ်းတစ်ယောက်ပင်ဖြစ်သည်။

String of Heart (နှလုံးသားစောင်းကြိုး)Tempat cerita menjadi hidup. Temukan sekarang