အပိုင်း(၂၄)/အပိုင္း(၂၄)

137 15 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၂၄)
...........................

" နောက်တစ်ပုလင်းထပ်ချ "

" ဟုတ်ကဲ့ ဆရာ ..."

" အမြည်းရောပဲ "

" ရပါမယ် ခဏစောင့်ပါခင်ဗျ "

မူးရင်ပြီးရောဆိုပြီး တစ်ပုလင်းပြီးတစ်ပုလင်းမမူးမချင်းထပ်ချခိုင်းနေ၏။ ဒါက သုံးပုလင်းမြောက်....။ ယာမကာဆီမှာ အာရုံကပ်ထားတာမို့ ဘယ်ဆီမှစိတ်ရောက်မနေ။ အနားမှာ ပွတ်သီးပွတ်သပ်လုပ်တဲ့သူတွေ၊ သီချင်းသံတွေ၊ ကနေတဲ့လူတွေကို လျစ်လျူရှုထားလိုက်တော့သည်။

" ထပ်ချဦး... "

" ရသေးရဲ့လားဗျ တစ်ယောက်ထဲလာတာလား "

" ကျစ် နား ငြီး တယ်ကွာ... "

လေးပုလင်း​မြောက်မှာတော့ စည်းလျှာလေးပလေးဖြစ်လာသည်။ စားပွဲကို လက်တစ်ဖက်ထောက်ထားပြီး လက်ကျန်ပုလင်းထဲက အရက်တွေကို ဖန်ခွက်ထဲစစ်ထည့်လိုက်၏။ ဘေးကမိန်းကလေးကလည်း ဒိုင်ခံ ရေခဲထည့်ပေး အမြည်းခွံကျွေးနဲ့ မအားလပ်ချေ။ ခေါင်းလည်း မထောင်နိုင်တော့.... ။

" ရှင်ရရဲ့လား တို့ပြန်လိုက်ပို့ပေးမယ်နော် တို့ပြောတာကြားလား လမ်းရောလျှောက်နိုင်သေးလား ဟင် "

စားပွဲပေါ်မှာ မျက်နှာမှောက်အိပ်နေပုံရသော စည်းချင်းအား ကောင်မလေးက လှုပ်လှုပ်နိုးရင်း ခေါ်နေလည်းမရ။ ဆိုင်မှာလည်း လူရှင်းနေပြီ။ မကြာခင် ပိတ်တော့မည်ထင်ရဲ့။ ဘယ်လိုက်ပို့လို့ပို့ရမည်လည်းမသိ။ ပြီးတော့ သူတို့နှစ်ယောက်က ယခုမှ သိကြတဲ့သူတွေ။ နောက်ဆုံးတော့ သူ့ကိုဆိုင်မှာပဲထားခဲ့ရန် သူမဆုံးဖြတ်လိုက်၏။ ခပ်ကုပ်ကုပ်နဲ့ အသာလှည့်ထွက်ဖို့ပြင်လိုက်စဥ် စည်းချင်းဆီက မပီမသစကားသံကြားရတာမို့ မသွားသေးဘဲ သေချာအောင် ထပ်မေးလိုက်သည်။

" ဘာပြောလိုက်တာလဲ တစ်ခုခုပြောလိုက်လား ဟမ် "

မျက်နှာနားကပ်ကာ နားစိုက်ထောင်ကြည့်ခိုက် စည်းချင်းကခေါင်းအမော့နဲ့ ခေါင်းနှစ်လုံး မရည်ရွယ်ဘဲ ဆောင့်မိသွားသည်မှာ ဒုန်းခနဲ... ။

String of Heart (နှလုံးသားစောင်းကြိုး)Tempat cerita menjadi hidup. Temukan sekarang