အပိုင်း(၄၀)/အပိုင္း(၄၀)

125 11 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၄၀)
..........................

" နင်ပြောတော့ သူ့ကိုချိုးချင်လို့ဆို နင်နဲ့မှ အသည်းကွဲတယ်ဆိုတာ ဘာလဲသိရအောင် လုပ်ပေးမို့ဆို "

" နင့်ဟာက အစမရှိ အဆုံးမရှိပါလား သင်ဇာ "

" စည်းချင်းအကြောင်းပြောနေတာလေ နင်မသိဟန်ဆောင်မနေစမ်းပါနဲ့ "

" အဟင်းဟင်း စည်းလား... "

နာမည်ကြားလိုက်ရုံနဲ့ စိတ်ထဲကလိကလိဖြစ်လာတာမို့ ဂျူးဂျူးမချိုမချဥ်ပြုံးလိုက်မိသည်။ သူမပုံစံကြည့်ပြီး သင်ဇာက အမြင်ကပ်သလိုမျိုး လိုတာထက်ပို၍ နှာခေါင်းရှုံ့နှုတ်ခမ်းမဲ့ရင်း....

" အရမ်းတွေအိုဗာတယ်မထင်ဘူးလား ဟမ် နင့်ပုံစံက role ကျတယ်ဟာ ဟိုက နင့်ကို.... "

" တိတ်စမ်း ငါ့အတွက် အဲဒါတွေမလိုဘူး.... ငါ့အတွက် ငါပျော်ဖို့ပဲလိုတယ်၊ ငါ့ကိုပျော်အောင်ထားနိုင်တဲ့လူကိုပဲ ငါလိုအပ်တယ်၊ အဲ့အတွက်လည်း ငါဘာလုပ်ရလုပ်ရ လုပ်မယ် "

" နင်ထင်ထားတဲ့ နင့်ကိုပျော်ရွှင်စေတဲ့အရာက ပူလောင်စေမယ့်အရာဖြစ်နေရင်ရော... အဲ့ကောင်အကြောင်း နင်မသိတာလည်း မဟုတ်ဘူးဟာ သိသိကြီးနဲ့ မီးကိုတိုးနေသလိုပဲ "

" သိတယ် သူ့အနားမှာနေလို့ သူ့အကြောင်းပိုတောင်သိသေးတယ် ငါ့အကြောင်းနဲ့ငါ နင်ဝင်မပါစမ်းနဲ့ "

စိတ်ဆိုးမာန်ဆိုးနဲ့ ဂျူးဂျူးပြောပြီး ကားသော့ယူကာ ဝုန်းခနဲထရပ်၍ ဟော့ပေါ့ဆိုင်ထဲမှ ချာခနဲလှည့်ပြန်ထွက်သွားလေသည်။

သူငယ်ချင်းအရင်းကြီးဖြစ်နေလို့ကို သင်ဇာလည်း အခုလောက်ထိ အမုန်းခံပြီးကို ပြောနေတာ။ ဒီဇာတ်လမ်းကို စခဲ့သူဟာလည်း သင်ဇာပဲမို့ တစ်ခုခုဖြစ်ရင် သူ့အပြစ်ကင်းတယ်လို့မထင်ချေ။ ဂျူးဂျူးပုံစံကြည့်တာနဲ့ အဆုံးထိသွားမယ်ဆိုတာ သိသာနေတော့လည်း လက်ပိုက်ကြည့်နေမယ့်အစား ဘာဖြစ်ဖြစ် ဘေးမှာရှိနေပေးဖို့ပဲရှိတော့သည်။

° ° ° ° °

မနေ့က ကြီးရွှေချော်လဲတယ်ဟု ရုံ့ဆီဆက်သွယ်လာသဖြင့် မှီရာညကားစီးပြီး နေပြည်တော်တက်ခဲ့သည်။ မနက်အစောပိုင်းလောက် ရောက်သွား၏။ ကားဂိတ်မှာ ကြီးရွှေရဲ့တူ ကိုပိုင်က ကားနဲ့လာကြိုပေးပါသည်။ ကိုပိုင်က စီးပွားရေးနဲ့ ကျောင်းပြီးထားသူပင်။

String of Heart (နှလုံးသားစောင်းကြိုး)Tempat cerita menjadi hidup. Temukan sekarang