အပိုင်း(၂၁)/အပိုင္း(၂၁)

73 7 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၂၁)
...........................

" စည်း... "

" ဟိုတစ်နေ့က ဂျူးအိမ်ပြန်နောက်ကျတုန်းကလေ မာမီက မနက်ကျ မေးတယ်သိလား၊ ဂျူးကောင်လေးက ဘယ်သူလဲ ဘယ်ကလဲတဲ့၊ ဂျူးမှာ ချစ်သူရှိပြီလားတောင် မမေးတော့ဘဲ မာမီက အဲလိုတန်းမေးတာစည်းရဲ့ "

" အင်း အဲ့တော့ "

အင်းလျားကန်မှာ မနက်ခင်းလမ်းလျှောက်သူများ အားကစားလိုက်စားသူများဖြင့် ပြန့်ကျက်လျက်ရှိသည်။ စည်းချင်းတို့သည်လည်း အားကစားဝတ်စုံဖြင့် ကန်ဘောင်တစ်ပတ်ပတ်ပြေးပြီး အမောဖြေနေကြခြင်းပင်။ ထိုထဲမှ ကြိုးတစ်လုံးအနက်အကျီ၊ အားကစားဘောင်းဘီကြပ်ဖြင့် မနီးမဝေးမှာ လေ့ကျင့်ခန်းလုပ်နေကြသူ မိန်းမငယ်လေးများထံ၌ စည်းရဲ့အာရုံတို့ ကျရောက်လျက်ရှိသည်။

" ဂျူးဂျူးပြောနေတာ စိတ်ကောဝင်စားရဲ့လားဟင် မျက်နှာတည့်တည့်ကြည့်ပါဦး "

ကျောခိုင်းနေတဲ့ စည်းချင်းကို သူမဘက်ဆွဲလှည့်လိုက်ပြီး မျက်နှာကိုပါ ဆွဲယူလိုက်တာမို့ စည်းစိတ်ထဲ ထောင်းခနဲဖြစ်သွားရာ သူမလက်ကို ခပ်ဆတ်ဆတ်ပုတ်ချလိုက်ရင်း...

" အာရုံလာမနောက်နဲ့ ပြောစရာရှိတာပြော "

မန်းကျည်းသီးမှည့်လို ညိုပုတ်ပုတ် မျက်နှာဖြစ်သွားသည့် ဂျူးဂျူး။ သူ့အသံက တအားကျယ်တာ မဟုတ်သော်လည်း အခုလို စိတ်မရှည်တဲ့လေသံမျိုး ငြိုငြင်သလို ဆက်ဆံခံရတော့ နှလုံးသားတစ်ခုလုံး နာနာကျင်ကျင်ပင်။

" မာမီ့ကို ဂျူးမှာ ချစ်သူရှိနေပြီလို့ပြောထားတယ်၊ ပြီးတော့ စည်းရဲ့ပုံကိုလည်း ပြလိုက်တယ် "

သူမဆီမှာ အာရုံရှိမရှိတော့မသိ။ စည်းမျက်လုံးက ဂနာငြိမ်တယ်ရယ်လို့မရှိချေ။ သက်ပြင်းဖွဖွသာ ချလိုက်ရင်း အနားကပ်သွားလိုက်ကာ စည်းရဲ့လက်ကို အသာဆွဲယူလိုက်ပြီး....

" မာမီက စည်းနဲ့တွေ့ချင်တယ်ပြောတယ် သိလား "

ခြေဖျားလေးထောက်လျက် မျက်လုံးလေး ပေကလက်ပေကလက်နဲ့ အသနားခံသလို လုပ်နေသော သူမရဲ့နဖူးကို လက်ညှိုးနဲ့ထောက်ကာ နောက်သို့တွန်းလိုက်ရင်း....

String of Heart (နှလုံးသားစောင်းကြိုး)Tempat cerita menjadi hidup. Temukan sekarang