String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၄၅)
........................." အခုထိ မောင့်ကို ရှိုးတိုးရှန့်တန့်ဖြစ်နေသေးတာလား "
စည်းစကားကို မဖြေချင်တာမို့ သူမအကြည့်လွှဲလိုက်၏။ ပြီးနောက် အနေရခက်သော အခြေအနေမှ ရုန်းထွက်ရန် ကော်ဖီကို တစ်ငုံသောက်ကြည့်လိုက်တော့ ခုထိပူနေဆဲဖြစ်ကာ အရသာက သူမအကြိုက်ပေါ့ဆိမ့်လေးဖြစ်နေတာမို့ သူ့အား မျက်လွှာပင့်ကြည့်မိသည်။ သူကတော့ သူမမျက်နှာကို တွေတွေစိုက်ကြည့်နေတာ။ ပြီးတော့ ချိုသာနူးညံ့စွာပြုံးပြလာရင်း သူမလက်ထဲက ကော်ဖီကိုဆွဲယူသွားတော့ မျက်လုံးလေးကလယ်ကလယ်ဖြစ်သွား၍ သူ့အပြုအမူကို ဆက်၍ကြည့်နေလိုက်သည်။
" အင်း မဆိုးပါဘူး မောင့်အကြိုက်က ခါးသက်သက်ဆိုပေမယ့် ပေါ့ဆိမ့်လေးကလည်း ကောင်းသားပဲ သာကြိုက်မယ်ထင်လို့လေ "
တစ်ငုံယူသောက်ပြီး စည်းက သူမလက်ထဲပြန်ထည့်ပေး၏။ ပြီးတော့ အရသာဘယ်လိုနေလဲ မေးသည့်ဟန်ဖြင့် မျက်ခုံးတစ်ဖက်တွန့်ပြနေသည်။ ရုတ်တရက် သူ့အပြုအမူက အာရုံထဲ စွန်းထင်းနေတာမို့ မှင်သက်နေမိတာ အမှန်ပါ။ သူသောက်ထားသည့် ကော်ဖီဘူးနှုတ်ခမ်းတစ်ဝိုက်ကို ပြန်ငုံ့ကြည့်နေရင်းမှ ဘယ်ရယ်ကြောင့်မသိ မျက်နှာလေး တရိပ်ရိပ်နွေးလာသလိုလို။ ဒီလက္ခဏာတွေက ဘယ်ဆီဦးတည်နေပါလိမ့်။ မဖြစ်ဘူး မဖြစ်ဘူး သူ့ကျော့ကွင်းထဲ ညွတ်ဆင်းသွားလို့မဖြစ်ဘူး စိတ်ထိန်းစမ်း နံ့သာရုံ....။ ရှက်စရာကောင်းလိုက်တာ။
" သာ... "
" အဆင်ပြေလား ဒီနေ့ကျောင်းသွားလို့ "
သူမမျက်နှာရှေ့ စည်းက လက်တစ်ဖက် အပေါ်အောက်လှုပ်ရှားရင်း မေးလိုက်ရာ သူမက ခေါင်းမော့လာပြီး...
" ပြေပါတယ် မသွားသေးဘူးလား ကျောင်းနောက်ကျတော့မယ် "
စကားဆုံးရုံရှိသေး သူမနဖူးထက် လက်ဖဝါးနွေးနွေးတစ်ဖက် ရောက်လာတာမို့ ဇက်လေးပုသွားကာ မလှုပ်ရဲတော့ချေ။ တစ်ချက်တစ်ချက် ထင်မှတ်မထားသည့် သူ့အပြုအမူတွေကြောင့် ရင်တွေလည်း တုန်ရပါသည်၊ ခုန်ရပါသည်။ အထူးသဖြင့် ပြုမူခဲသည့် ယခုလို နူးနူးညံ့ညံ့အမူယာလေးတွေကိုပေါ့။
BINABASA MO ANG
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...