အပိုင်း(၈)/အပိုင္း(၈)

229 8 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၈)
........................

စည်းရဲ့နှုတ်ခမ်းတစ်ဝိုက် ပေနေသော ဂျူးဂျူးရဲ့ နှုတ်ခမ်းနီတွေကို သူမကိုယ်တိုင် တစ်ရှူးနဲ့သုတ်ပေးနေရာ ဂျူးရဲ့ကိုယ်လေးက စည်းပေါင်ပေါ်တက်ထိုင်မိတော့မလို နီးကပ်နေသော အနေအထားတွင်ရှိသည်။ စည်းရဲ့ လက်တစ်စုံကလည်း သူမခါးပေါ်မှာ ဖြည်းဖြည်းလေး အသဲယားဖွယ်ကောင်းအောင် ပြေးလွှားနေတော့ ဂျူးစိတ်ထဲ နေရခက်သလိုလိုနဲ့ ရင်ခုန်နေမိသည်။ ဘာလို့ဆို အားလုံးက လိုချင်နေကြတဲ့ စည်းချင်းဆိုတဲ့လူက ယခု သူမရှေ့မှာလေ..... ။

" ရ ရပြီ "

" သြော် အင်း "

တိုးတိုးလေး မခို့တရို့ပြောပြီး လက်ကိုပြန်ရုတ်ကာ ကိုယ်ကိုနောက်ပြန်ဆုတ်တော့ စည်းမလွှတ်ပေးချင်ဘဲ လွှတ်ပေးလိုက်ရသည်။ စည်းရဲ့အကျင့်သည် နူးညံ့တဲ့ အထိအတွေ့မှန်သမျှမှာ သာယာတတ်တာပင်။ သူ နှာခေါင်းတစ်ဖက်ရှုံ့လျက် ထိုင်ခုံကနေထရပ်လိုက်၏။ ရုပ်ရှင်ကလည်း ပြီးတော့မှာဆိုတော့ ဆက်ထိုင်နေရန် မလိုတော့ပြီ။

လက်ချင်းတွဲ၍ ရုပ်ရှင်ရုံထဲမှ သိပ်ချစ်ကြသော စုံတွဲတွေလို ထွက်လာကြသည့် စည်းချင်းနဲ့ ဂျူးဂျူးမြင့်အောင်...။

" စည်းဗိုက်မဆာဘူးလား တစ်ခုခုသွားစားမယ်လေ "

" အင်း ဆာသလိုလိုတော့ရှိသား သိပ်မဝသလိုပဲ "

စည်းက ဂျူးဂျူးရဲ့ ဖူးရဲနေသော နှုတ်ခမ်းလုံးလုံးလေးကို ကြည့်ကာ သူ့နှုတ်ခမ်းကို လျှာဖြင့်သိမ်း၍ ပြောလိုက်တာမို့ ဂျူးဂျူးရှက်သွေးဖြာသွားပြီး တွဲထားသော သူ့လက်ကို အားနဲ့ဖျစ်ညစ်လိုက်ကာ...

" ဟွန့် အခုမှ first date နော် စည်း... သိပ်ကဲတာပဲ သွား လူဇိုး...  "

" ဟ ကိုယ်ကဘာပြောလို့လဲ ဂျူးဂျူးရဲ့... ဗိုက်ပြည့်အောင် စားဖို့ပြောတာလေ၊ ကိုယ်တို့ ကော်ဖီပဲသောက်ထားတဲ့ဥစ္စာ... ဂျူးဂျူးဘာတွေတွေးနေတာလဲ "

" စည်းနော် ဂျူးဂျူးဘက်ကို အပြစ်ပုံမချနဲ့. .... မချစ်တော့ဘဲနေမှာ "

String of Heart (နှလုံးသားစောင်းကြိုး)Dove le storie prendono vita. Scoprilo ora