အပိုင်း(၁၅)/အပိုင္း(၁၅)

91 7 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၁၅)
..........................

" ရုံ... "

" ဟင် ရှင်! "

အသံကိုမကျက်မိဘဲ ငေးငိုင်နေတာမို့ ရုတ်တရက် ခေါ်သံကြားတော့ တိုးလျစွာပြန်ထူးလိုက်ရင်း အသံလာရာ ငဲ့ကြည့်မိသည်။

" ရုံ့ကို မေးစရာလေးရှိလို့လေ "

" သြော် ကိုဇွဲ မေးလေ ဘာမေးမို့လဲ "

ကိုဇွဲထိုင်လို့ရအောင် ရုံ တစ်ဖက်ခုံသို့ ပြောင်းထိုင်လိုက်ရင်း ပြောလိုက်သည်။ သူမက စာကြည့်တိုက်မှာ စာလာဖတ်တာဆိုတော့ စာဖတ်ပျင်းသည့် ခေမာက စာကြည့်တိုက်အနားတောင် မကပ်နိုင်ဘူးဟုဆိုကာ လိုက်မလာခဲ့ချေ။

" ဟို မနေ့က ကျောင်းမှာ.... "

ဇွဲနောင်ရိုးက စကားမဆက်ခင် နံ့သာရုံရဲ့ မျက်နှာရိပ်ကို အကဲခတ်သလိုကြည့်လိုက်တော့ သူမက တည်တည်ငြိမ်ငြိမ်နဲ့ သူ့အား လေးနက်စွာ စိုက်ကြည့်နေတာမို့ မျက်ခုံးတွန့်သွားပြီး မေးသင့်မမေးသင့် ပြန်လည်ချင့်ချိန်နေရသည်။

" မနေ့က ကျောင်းဆင်းချိန်မှာ ရုံ့ကို တစ်ယောက်ယောက်လာခေါ်လား၊ ဟို အပြင်ကသူစိမ်းကောင်လေးနဲ့ ရုံ့ကို တွဲတွေ့တဲ့သူရှိတယ်တဲ့၊ အဲ့မို့ ကိုဇွဲ သေချာအောင် မေးကြည့်တာ "

စကားအရ ကိုဇွဲမျက်မြင်ကိုယ်တိုင်တွေ့တာ မဟုတ်ဘူးလို့ ဆိုနိုင်ဖွယ်ရာပင်။ အမှန်တိုင်း ပြောလိုက်ရမလား... ။ အမှန်ကိုသိရင် ကိုဇွဲဘာပြောမလဲ... ။ ယောကျ်ားလေး ချစ်ကြိုက်တာ သဘာဝဆိုပြီး လျောကျသွားမလား။ မဟုတ်ဘဲ သူမကို ကာကွယ်ပေးမှာလား...။ အစ်ကိုတစ်ယောက်လိုလား၊ မိတ်ဆွေအဖြစ်နဲ့လား။ ' လား ' ပေါင်းများစွာသော မေးခွန်းတွေကို ကိုယ့်ဘာသာ ထပ်တလဲလဲ မေးနေမိ၏။ ကိုဇွဲမှာက ချစ်သူရှိနေပြီးသားပဲ၊ သူမရဲ့ အရှုပ်ဇာတ်ထဲ ဆွဲသွင်းလို့ ကောင်းပါ့မလား။

ပလတ်စတစ်နဲ့အုပ်ထားသည့် စာအုပ်အဖုံးကို လက်ညှိုးနှင့် ပွတ်ဆွဲရင်း တစ်မိနစ်မက နံ့သာရုံ စဥ်းစားနေမိသည်။

" ရုံ... "

" ဟင် အ "

" ခြစ်မိသွားတာပဲ "

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now