အပိုင်း(၄၃)/အပိုင္း(၄၃)

116 12 2
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၄၃)
...........................

" ခုပဲ သူ့အကြောင်းပြောနေရင်း အသက်ရှည်ဦးမယ် "

ဖေဖေက ဘယ်သူဆိုတာ ကြိုသိနေသလိုမျိုး ရုတ်တရက်ပြောလိုက်သော စကားကို သူမနားမလည်နိုင်။ ပြန်မေးဖို့ပြင်လိုက်သော နံ့သာရုံအား ဦးအေးကိုက တံခါးသွားဖွင့်ဖို့ မျက်စပစ်ပြ၏။ ခေါင်းလေးတစ်ချက်ညိတ်၍ အသာ​လေးထသွားလိုက်သည််။ စိတ်ထဲ ဘယ်သူများလဲပေါ့။ ပြင်ဦးလွင်သွားတာ နှစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတဲ့ ခေမာတော့ မဖြစ်နိုင်လောက်ပါဘူးလေ။ မဖွင့်ခင် ချောင်းကြည့်အပေါက်ကနေ လှစ်ခနဲတွေ့လိုက်ရသည့်ပုံရိပ်တစ်ခု... ။ ထို့အတူ လက်က အပေါ်ဂျက်ကို ဆွဲချပြီးသားဖြစ်သွားချိန် သူ့ဘက်က တံခါးကိုဆွဲဖွင့်လိုက်သဖြင့် တံခါးလက်ကိုင်အား လှမ်းကိုင်ရန် ရွယ်လိုက်သည့် သူမလက်တစ်ဖက်က လေထဲ၌ရပ်တန့်သွားလျက်... ။

" ဝင်ခွင့်ပြုနော် "

ခွင့်တောင်းတာလား၊ အသိပေးတာလားပင် ဝေခွဲမရ။ သူက ထိုသို့ပြောပြီးသည်နှင့် အိမ်ထဲဇွတ်ဝင်သွားသည်မို့ စကားပြောချိန်တောင်မရလိုက်ချေ။

ဖေဖေ့ကိုမြင်တော့ သူက အံ့သြဟန်မပြဘဲ ပေါ့ပါးစွာပြုံးလျက်...

" သြော် အန်ကယ်လည်းရောက်နေတာကိုး၊ ကြာပြီလားဗျ ရောက်နေတာ "

ဦးအေးကိုသည် ဘာမှမပြောသေးဘဲ တခဏမျှ အကဲခတ်သလို စည်းချင်းကို စိုက်ကြည့်နေသေးသည်။ ပြီးမှ မျက်ခုံးတစ်ဖက်ပင့်၍ တွေးတွေးဆဆဖြင့် ပြောလိုက်၏။

" ဘယ်လိုလဲ မင်းငါမေးထားတာ အဖြေရပြီလား "

" ရပြီ "

တစ်ခွန်းတည်း ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက်....

" ကျွန်တော်ထိုင်မယ်နော် "

ဟု ခွင့်တောင်းသလိုပြောတော့ ဖေဖေက ခေါင်းညိတ်ပြ၏။ သူနဲ့ ဖေဖေနဲ့က ဘယ်လိုလုပ် အဲ့လောက်ရင်းနှီးသွားရတာပါလိမ့်။ ဖေဖေ့ရှေ့ စည်းပုံမှန်မဟုတ်တာတစ်ခုခုလုပ်လိမ့်မည်စိုး၍ ရုံ့ခင်ဗျာ မျက်နှာငယ်လေးနဲ့ ရင်တမမဖြစ်နေတာ ဘယ်သူများသိမလဲ။ ပြီးတော့ ဖေဖေက ဘာတွေမေးလို့ သူကဘာတွေဖြေမှာပါလိမ့်။ စဥ်းစားရလွန်းလို့ ခေါင်းကဆံပင်တောင် ခြောက်ချင်လာပြီ။

String of Heart (နှလုံးသားစောင်းကြိုး)Donde viven las historias. Descúbrelo ahora