String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၁၀)
.........................." စည်းချင်းဘယ်မလဲ "
" အပေါ်ထပ်မှာပါ သူဋ္ဌေး "
" အေး သွားခေါ် "
ဦးသော်ကရဲ့ တင်းမာနေသော မျက်နှာထားနဲ့ ခက်ထန်နေသည့် လေသံကို ကျက်မိရုံနဲ့ ပြဿနာတစ်ခုခု အစပြုတော့မည်ကို ဒေါ်တင်ထား ကြိုတင်သိနေပြီ။
ဒေါ်တင်ထား သွားတက်ခေါ်ပြီး တစ်အောင့်ကြာသည်ထိ စည်းချင်းဆင်းမလာသေးသဖြင့် နောက်ထပ်အသံမမြည်ခင် သွားထပ်ခေါ်ရပြန်သည်။
" မောင်စည်း အောက်ခဏဆင်းခဲ့ပါဦး... သူဋ္ဌေးစောင့်နေတာကြာပြီ "
" လာခဲ့မယ်ပြောပြီးပြီလေ ဒီမှာမအားသေးဘူး "
မအားသေးဘူးဆိုတာ အရေးကြီးအလုပ်လုပ်နေတာ မဟုတ်ဘဲ ဂိမ်းတိုက်နေခြင်းဖြစ်သည်။ ဖုန်းထဲက အသံက အပြင်သို့ လျှံထွက်ကာ ကြားနေရသောကြောင့် ကြားထဲက ဒေါ်ထား မျက်စိမျက်နှာပျက်နေတော့သည်။
" မောင်စည်းရယ်... ဒေါ်ထားတောင်းပန်တာပါ "
" ကျစ် အာရုံပဲ... ရှုံးသွားပြီ ပုံစံကိုမဟုတ်ဘူး "
ညည်းညူသံလေးနောက် တံခါးဖွင့်သံကြားရပြီး မှုန်သုန်ကာ စိတ်တိုင်းမကျဖြစ်နေသည့် ရုပ်သွင်ဖြင့် tablet ကိုင်၍ အပြင်ထွက်လာသည့် စည်းချင်း။ စိတ်ရှုပ်ဟန် ခေါင်းနောက်ကိုလက်ဖြင့် ခပ်ကြမ်းကြမ်းဖွပစ်လိုက်ကာ...
" ဘာကိတ်လဲ "
" ဒေါ်ထားလည်းမသိဘူး... သူဋ္ဌေးမျက်နှာကတော့... "
" ရပြီ "
လေပူမှုတ်ထုတ်လိုက်ပြီး ဒေါ်ထားရှေ့က ဖြတ်ကျော်ကာ စည်းချင်း အောက်သို့ခပ်သော့သော့လေး ပြေးဆင်းသွားလိုက်၏။ ဧည့်ခန်းထဲ ဝင်သွားလိုက်ပြီး ဆိုဖာရှည်မှာ ခြေချိတ်ထိုင်နှင့်နေသော ဦးသော်ကကိုမကြည့်ဘဲ ဝဲယာခုံ၌ စည်းထိုင်မည်အပြု...
" မင်းကိုဘယ်သူက ထိုင်ခိုင်းလဲ "
လေသံမာမာကြောင့် စည်း ပါးစောင်ကို လျှာစောင်းထိုးပြီး နေရာမှာတင် လေးကိုင်းစွာ မတ်တပ်ရပ်နေလိုက်သည်။
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...