String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၄၆)
.............................လစာထုတ်ရက်လည်းဖြစ် နှစ်ပတ်လည်နေ့လည်းဖြစ်တာကြောင့် ကုမ္ပဏီကဝန်ထမ်းတွေကို ခါတိုင်းလို စားသောက်ဆိုင်တစ်ခုကိုပို့၍ အပြန်ကျ KTV မှာ သီချင်းဆိုချင်သေးသည်ဆိုသော မိန်းကလေးတွေရဲ့အလိုကိုလိုက်ကာ အခန်းတစ်ခုငှားပေးလိုက်၏။ ထူးထူးခြားခြား ဝန်ထမ်းများကြား ဦးသော်ကလည်း ပါဝင်ခဲ့သည်။ အစက ကုမ္ပဏီရဲ့အကြီးကဲအနေနဲ့ ရှိန်နေတာမျိုးတွေရှိပေမယ့် အတူစားသောက်ပြီးသကာလ ပျော်ပျော်ပါးပါးနဲ့ နှုတ်သွက်လျှာသွက်လာကြသည်။
" သူဋ္ဌေးလည်း တစ်ပုဒ်လောက်ဝင်ဆိုပါလား "
" မင်းတို့ပဲ ဆိုကြပါ ငါ့အသံမကောင်းဘူး ဆိုကြ ဆိုကြ နားထောင်ပေးမယ် "
" လာပါသူဋ္ဌေးရယ်... တစ်ပုဒ်လောက်ပဲ အားလုံးတူတူဝိုင်းဆိုကြမယ် နော် ဆိုလိုက်ပါ "
ဘေးနားက secretary သင်းသင်းကလည်း ဦးသော်ကရဲ့လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်၍ အနားတိုးကပ် ခန္ဓာကိုယ်ချင်းထိကပ်ကလူကျီစယ်ရင်း အသံတိုးတိုးနဲ့ ဆိုဖို့တိုက်တွန်းနေ၏။ ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ မိန်းကလေးရဲ့ အကြည့်နုနုတွေကို မလွန်ဆန်နိုင်တဲ့ ပုရိသက ခပ်ရှားရှားမဟုတ်ပေဘူးလား။ ယခု ညုတုတုအကြည့်ခံနေရသူက ဦးသော်ကဆိုတော့ ဘာပြောကောင်းမလဲ။ မဒီလေးသဘော မဒီလေးသဘောဖြစ်သွားတာပေါ့။ ချက်ချင်းမိုက်ကိုင်ပြီး ငုတ်ရှိုးနေသည့် စကေးတွေကို အပီအပြင်ထုတ်ပြလိုက်တော့သည်။ လက်ခုပ်သံတဖြောင်းဖြောင်း ဘေးမှာလည်း ရစ်မူးစရာလေးနဲ့ဆိုတော့ နတ်ပြည်ရောက်နေသလိုပဲပေါ့။
" ဒါမှ ငါတို့သူဋ္ဌေးကွ... "
တစ်ယောက်ကလည်း အရက်ငှဲ့ပေး အမြည်းခွံကျွေးနဲ့ ကုမ္ပဏီဝန်ထမ်းတွေလို့တောင် မမြင်တော့ဘဲ သူ့ကို ဖျော်ဖြေနေကြတဲ့ မိန်းမပျိုလေးတွေအလား ထင်မှတ်နေ၏။ နွားပြာကြီး အောက်သွားမရှိဆိုသလို ပြုံးဖြိီးဖြီးနဲ့ အစပ်အဟက်ကိုမိနေတော့သည်။
" ပြန်တောင်မပြန်ချင်တော့ဘူး ဒီနေ့က အရမ်းပျော်စရာကောင်းတာပဲ နော် ကိုကြီး အဲ သူဋ္ဌေး... "
BẠN ĐANG ĐỌC
String of Heart (နှလုံးသားစောင်းကြိုး)
Lãng mạn" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...