အပိုင်း(၁၄)/အပိုင်း(၁၄)

93 8 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၁၄)
..........................

" အို ဟင် ရှင်! "

ကနဦး တစ်စုံတစ်ရာနဲ့တိုက်မိပြီထင်ပြီး ထိတ်လန့်သွားကာ ပျာပျာသလဲ တောင်းပန်ဖို့ ဆတ်ခနဲ ခေါင်းမော့ကြည့်ပြီးမှ ပြည်တည်တည်မျက်နှာပေးနဲ့ သူမအား ငုံ့မိုးကြည့်နေသော သူ့ကြောင့် ဝိုင်းစက်သွားသော ရုံ့မျက်လုံးတွေ.... ။

" ဟိတ် ဘယ်ပြေးတာလဲ "

သူ့မြင်တာနဲ့ သရဲသဘက်မြင်သလို ထွက်ပြေးရမယ်ဆိုတဲ့အသိကို အမြဲခေါင်းထဲထည့်ထားသလားမသိပေ။ မျက်စိတစ်မှိတ်အတွင်း လေလို ဝှစ်ခနဲ နောက်ပြန်လှည့်သွားတာမို့ စည်းလှမ်းတားရင်း ခြေလှမ်းကျဲတွေဖြင့် သူမရှေ့ပိတ်ရပ်လိုက်၏။

" အနားမလာနဲ့ အနားမလာခဲ့နဲ့နော် "

ခေါင်းခါခါ လက်ခါခါဖြင့် ဆောင်းတွင်းချမ်းလို့တုန်သလို ငှက်ဖျားတက်သလို တစ်ကိုယ်လုံး တုန်ယင်နေသည့် နံ့သာရုံ... ။ ရှေ့ကနေ စည်းက ပိတ်ကာထားတော့ တစ်ဖန် နောက်ပြန်လှည့်ပြေးဖို့ ကြံနေသော သူမလေးကြောင့် စည်းရင်ထဲ ကျလိကျလိနဲ့။ ဘယ်မျက်လုံးတွေကိုမှမမှုဘဲ ဆွဲစက်နမ်းပစ်လိုက်ရရင် ခက်ရော့မယ်....။

" ရှင့်မျက်နှာကို မမြင်ချင်ဘူး စည်းချင်း.... ရုံ့ရှေ့ပေါ်မလာပါနဲ့ "

" မင်းအထင်လွဲနေတာကို ရှင်းပြဖို့လာခဲ့တာ "

နံ့သာရုံ တံတွေးမြိုချ၍ သူ့မျက်နှာကို ရဲရဲတောင်မကြည့်ရဲဘဲ ထွက်ပြေးရန် နောက်သို့ခြေတစ်လှမ်းစီ ဆုတ်ဆုတ်သွားကာ မုဆိုးအလစ်ကို ချောင်းနေသည့် ယုန်သူငယ်လို ရုံ့အဖြစ်က အင်မတန် သနားစရာကောင်းနေပြီလား။ ကျောင်းဝင်းထဲမှာတော့ ရုံအရှက်မကွဲပါရစေနဲ့လား...။ သူတဇွတ်ထိုးလုပ်လာရင် ရုံတော့ နေရာမှာတင် မေ့လဲသွားမှာပဲ။

" ဟင့်အင်း "

" ပြောတာ အရင်နားထောင်ဦး "

စည်း စိတ်မရှည်ဘဲ ဆောင့်အော်ထည့်လိုက်တော့ လိပ်ပြာလေး လွင့်ပျံထွက်သွားသလိုပင်။ တုန်ခနဲဖြစ်သွားပြီး အသက်တောင်ဝဝမရှူရဲဘဲ ကျောက်ရုပ်လို ရုတ်ချည်းဖြစ်သွားတာကြောင့် စည်းအော်မိပြီးမှ သူမပုံစံလေးကို ရယ်ရမလို သနားရမလို ဖြစ်သွားမိသည်။

String of Heart (နှလုံးသားစောင်းကြိုး)Tempat cerita menjadi hidup. Temukan sekarang