String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၂၀)
..........................." မင်းရဲ့ အကျင့်က ဒီလိုပဲလား "
သူမရှေ့ ရုတ်တရက်ဆိုသလိုရောက်လာသော စည်းချင်းကြောင့် အံ့သြဖို့ပင် အချိန်မရလိုက်ဘဲ အဆက်အစပ်မရှိသော သူ့စကားကြောင့် စိတ်အလိုမကျဖြစ်သွားကာ မျက်မှောင်လေးတွန့်ကျိုးလျက် စိုက်ကြည့်လိုက်ရင်း....
" ရှင်နဲ့စကားပြောစရာအကြောင်းမရှိဘူး၊ ရှေ့ကဖယ်ပေး "
" ကျွန်တော်မေးတာဖြေ "
" ဖယ်ပေးလို့ပြောနေတယ် စည်းချင်း... ရှင့်မျက်နှာကို မမြင်ချင်ဘူး "
စည်းချင်းရဲ့ ခန္ဓာကိုယ်အား သူမလက်တစ်ဖက်ဖြင့် ဘေးသို့တွန်းထုတ်ဖယ်ရှားလိုက်ချိန် သူက သူမပခုံးနှစ်ဖက်ကို ဖမ်းချုပ်ထိန်းကိုင်ထားလိုက်ကာ မျက်နှာအား စေ့စေ့ကြည့်၍....
" မေးတာဖြေ ဖြေစမ်း "
တုန်ခါနေသော သူ့အသံက ခပ်နက်နက်....။ အရိုင်းစိတ်ဝင်နေသူပမာ သူမမော့ကြည့်နေရင်း မျက်လုံးတွေက နီစွေးလာတာမို့ စိတ်ထဲမယ် ပြာယာခက်သွားမိလေသည်။ သူ့မျက်နှာကိုကြည့်နေဆဲမှာ သူမပါ ဆွံ့အသွားတော့သည်။ နှုတ်ကနေ ဘာစကားမှပြောမရအောင် တစ်စုတစ်ရာကစီးထားသကဲ့သို့တည်း။
" တခြားယောကျ်ားတွေနဲ့ဆိုရင်ရော ဒီလိုပဲလား... ဟမ် စကားမပြောတတ်တော့ဘူးလား ဟမ် ပြောလေ မင်းပါးစပ်ကပြောစမ်း "
နံ့သာရုံရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ကိုင်လှုပ်၍ အံကြိတ်သံနဲ့ ဒေါသအပြည့်မျက်နှာဖြင့် သူမထံမှာ စိတ်ရှိတိုင်းပေါက်ကွဲနေသော စည်းချင်း။ ပြူးကြောင်ကြောင်နဲ့ ကြောက်သလိုရွံ့သလို သူမပုံစံကို မြင်ရလေ သူ,မချင့်မရဲနိုင်လေပင်။ ခုလည်း နှုတ်ခမ်းစေ့ထားပြီး ရွဲနေသောမျက်လုံးဝိုင်းတွေနဲ့ ကြည့်နေပြန်တာမို့ ပိုဒေါသထွက်ရ၏။ သူမပခုံးပေါ်က သူ့လက်တွေကို တမင်ကို အားထည့်ညှစ်ကိုင်လိုက်တော့မှ....
" အ အာ့ "
ပခုံးက အောင့်မျက်နာကျင်မှုကြောင့် ညည်းတွားသံလေးသာ မပီမပြင်ထွက်ခဲ့၏။ ထို့နောက် ပါးပြင်ပေါ် အဆတ်မပြက်စီးကျလာသည့် မျက်ရည်တွေ.... ။ လှုပ်ရှားမှုမရှိဘဲ ဒီအတိုင်း သူ့ကိုသာ ငေးစိုက်ကြည့်နေတာမို့ စိတ်ရှိတိုင်းလုပ်ပစ်ချင်စိတ်တွေပေါ်လာရာ စည်းအံကြိတ်ပြီး မျက်နှာလွှဲ၍ လွှတ်ပေးလိုက်တော့သည်။
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...