Special episode (cut)

64 3 0
                                    

String of heart💕
(နှလုံးသားစောင်းကြိုး)

Special eposide(part-12) cut
...........................................

" ကျွန်တော်မေးနေတယ်လေ "

" .... "

" ချစ်လား မောင့်ကိုချစ်လား "

" မပြောတတ်ဘူး "

" မပြောတတ်ရင် သွားခွင့်မပေးဘူးနော်၊ ဒီမှာ စောင့်နေတယ် "

" သိနေတဲ့ဟာပဲ "

" မသိပါဘူး "

" မသိရင်လည်းနေ "

လက်ကိုဆွဲထားသည်ကို အတင်းရုန်းထွက်သည်။ သို့သော် လက်ကောက်ဝတ်လေးကို ဖိဆုပ်ဆွဲထားရင်း မရမကအတင်းမေးနေတော့သည်။ သူမက အောက်နှုတ်ခမ်းကို အသာလေးဖိကိုက်လျက် ရင်ခုန်သံတွေမြန်နေ၏။ သူ့ပုံစံက အခုရည်းစားစကားပြော အခုအဖြေတောင်းနေသည့်နှယ်.... ။ မသိရင် ချစ်သူရည်းစားတွေမဟုတ်သည့်အတိုင်း... ။

" ချစ်လားလို့ "

မျက်လုံးမှိတ်ပြီး ရုံခေါင်းပဲညိတ်ပြလိုက်၏။ သူက လက်တစ်ဖက်ကိုဆွဲယူပြီး သူ့ရင်ဘက်ပေါ်တင်စေသည်။

" မောင့်နှလုံးခုန်သံတွေမြန်နေတယ်တွေ့လား၊ အဲဒါ သာနဲ့ဝေးနေပြီး နှနှစ်ကျော်အကြာမှာ ပထမဆုံးဖြစ်တာပဲ "

ရွှန်းရွှန်းစားစားဖြင့် တောက်ပနေသည့် သူ့မျက်လုံးများကို ရုံမရဲတရဲကြည့်မိပါသည်။ ပြီးနောက် စိတ်လှုပ်ရှားလာ၏။ မျက်လွှာအသာချလိုက်စဥ် ထပ်ကြားရသည့်စကား...

" သာ့နှုတ်ကဖြေပါလား... မောင်ကြားချင်လို့ပါ "

" ချစ်ပါတယ် "

နောက်တစ်ကြိမ်ပြန်မြင်ရသည့် စည်းချင်းရဲ့ နူးညံ့သောအပြုံးလေးများ။ နွေးထွေးသောအကြည့်လေးများ။ အေးချမ်းသည့် ဟန်ပန်တွေ...။ သူမချစ်ရသည့် လူသားလေး... ။ မောင့်အကြည့် မောင့်အပြုံး မောင့်ဟန်ပန်တွေသည် မာန်မာန အတ္တ ဒေါသများကင်းစင်၍ နှလုံးသန့်စင်ကြည်လင်နေပါတော့သည်။

°•°•°•°•°•°•°•°•°•°•°•°•°•°🍓🍓🍓🍓🍓🍓🍓

ဇာတ်သိမ်းမှကြည်နူးနိုင်တဲ့အတွဲပါလေ။
ဝင်ကြေးသတ်မှတ်မထားလို့တတ်နိုင်သလောက်ပေးပြီး ဖတ်နိုင်ပါတယ်ရှင့်၊ ကျေးဇူးပါ။

#RL

String of heart💕
(ႏွလုံးသားေစာင္းႀကိဳး)

Special eposide(part-12) cut
...........................................

" ကြၽန္ေတာ္ေမးေနတယ္ေလ "

" .... "

" ခ်စ္လား ေမာင့္ကိုခ်စ္လား "

" မေျပာတတ္ဘူး "

" မေျပာတတ္ရင္ သြားခြင့္မေပးဘူးေနာ္၊ ဒီမွာ ေစာင့္ေနတယ္ "

" သိေနတဲ့ဟာပဲ "

" မသိပါဘူး "

" မသိရင္လည္းေန "

လက္ကိုဆြဲထားသည္ကို အတင္း႐ုန္းထြက္သည္။ သို႔ေသာ္ လက္ေကာက္ဝတ္ေလးကို ဖိဆုပ္ဆြဲထားရင္း မရမကအတင္းေမးေနေတာ့သည္။ သူမက ေအာက္ႏႈတ္ခမ္းကို အသာေလးဖိကိုက္လ်က္ ရင္ခုန္သံေတြျမန္ေန၏။ သူ႔ပုံစံက အခုရည္းစားစကားေျပာ အခုအေျဖေတာင္းေနသည့္ႏွယ္.... ။ မသိရင္ ခ်စ္သူရည္းစားေတြမဟုတ္သည့္အတိုင္း... ။

" ခ်စ္လားလို႔ "

မ်က္လုံးမွိတ္ၿပီး ႐ုံေခါင္းပဲညိတ္ျပလိုက္၏။ သူက လက္တစ္ဖက္ကိုဆြဲယူၿပီး သူ႔ရင္ဘက္ေပၚတင္ေစသည္။

" ေမာင့္ႏွလုံးခုန္သံေတြျမန္ေနတယ္ေတြ႕လား၊ အဲဒါ သာနဲ႔ေဝးေနၿပီး ႏွႏွစ္ေက်ာ္အၾကာမွာ ပထမဆုံးျဖစ္တာပဲ "

႐ႊန္း႐ႊန္းစားစားျဖင့္ ေတာက္ပေနသည့္ သူ႔မ်က္လုံးမ်ားကို ႐ုံမရဲတရဲၾကည့္မိပါသည္။ ၿပီးေနာက္ စိတ္လႈပ္ရွားလာ၏။ မ်က္လႊာအသာခ်လိုက္စဥ္ ထပ္ၾကားရသည့္စကား...

" သာ့ႏႈတ္ကေျဖပါလား... ေမာင္ၾကားခ်င္လို႔ပါ "

" ခ်စ္ပါတယ္ "

ေနာက္တစ္ႀကိမ္ျပန္ျမင္ရသည့္ စည္းခ်င္းရဲ႕ ႏူးညံ့ေသာအၿပဳံးေလးမ်ား။ ေႏြးေထြးေသာအၾကည့္ေလးမ်ား။ ေအးခ်မ္းသည့္ ဟန္ပန္ေတြ...။ သူမခ်စ္ရသည့္ လူသားေလး... ။ ေမာင့္အၾကည့္ ေမာင့္အၿပဳံး ေမာင့္ဟန္ပန္ေတြသည္ မာန္မာန အတၱ ေဒါသမ်ားကင္းစင္၍ ႏွလုံးသန္႔စင္ၾကည္လင္ေနပါေတာ့သည္။

°•°•°•°•°•°•°•°•°•°•°•°•°•°🍓🍓🍓🍓🍓🍓🍓

ဇာတ္သိမ္းမွၾကည္ႏူးႏိုင္တဲ့အတြဲပါေလ။
ဝင္ေၾကးသတ္မွတ္မထားလို႔တတ္ႏိုင္သေလာက္ေပးၿပီး ဖတ္ႏိုင္ပါတယ္ရွင့္၊ ေက်းဇူးပါ။

#RL

🎉 You've finished reading String of Heart (နှလုံးသားစောင်းကြိုး) 🎉
String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now