အပိုင်း(၁၁)/အပိုင္း(၁၁)

97 7 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၁၁)
.........................

လမ်းဘေးစတိုင်းဆိုင်လေးတွေ ဖိနပ်ဆိုင်လေးတွေကို ကားဖြည်းဖြည်းမောင်းရင်း စည်းရော သူမပါ မျက်လုံးအဝိုင်းသားနဲ့ လှည့်ပတ်ရှာနေကြ၏။

" မင်းရဲ့ ဖိနပ်ဆိုဒ် ဘယ်လောက်လဲ "

" .... "

" ဟေး... ကျွန်တော်မေးတာဖြေလေ "

" ဟင်အင် "

ကားအပြင်ဘက် ငေးကြည့်နေရာက အူလည်လည်ပုံစံလေးနဲ့ စည်းအား လည်ပင်းလေးလိမ်၍ လည့်ကြည့်လာသော နံ့သာရုံ။ ဆံပင်တွေကို နောက်မှာဖြန့်ချထားပြီး ရှေ့ဆံပင်အစွယ်လေးကိုသာ ဂျပန်ခေါင်းစည်းကွင်းနဲ့ စည်းနှောင်ထားပုံက သူမနဲ့လိုက်ဖက်ပြီး ရှုမငြီးတဲ့အသွင်လေး... ။

အသည်းထဲ ကလိကလိနဲ့ အူတွေယားလွန်းလို့ ကောက်သာ ပွေ့ထားချင်တော့သည်။ အတွေးပေါင်းစုံ ရောယှက်လျက် အကြံဆိုးဖြင့် စည်း တံတွေးမြိုချပြီး သူမဆီကနေ အကြည့်တွေကို အရှေ့ဘက်ပို့လိုက်ရင်း ပင့်သက်ရှိုက်လိုက်ပြီးမှ....

" ဖိနပ်ဆိုဒ်နံပါတ် ဘယ်လောက်လဲလို့ မေးနေတာ "

" သြော် ... ၃၆ "

" အင်း "

ပြဿနာပဲ... ခုနေ သူ့စိတ်အလိုတိုင်း ကြမ်းလိုက်လို့ သူမ သူ့ကို အကြောက်ကြီးကြောက်သွားရင်ဖြင့်...။ ဘယ်အရာမဆို အများကြီးတွေးမနေဘဲ စိတ်ထင်ရာ တဇွတ်ထိုးလုပ်တတ်တဲ့ သူ့စိတ်ဆင်ရိုင်းကို ဘယ်ချွန်းနဲ့အုပ်ရပါ့။ ခက်တော့နေပါပြီလေ... ။

နှုတ်ခမ်းထောင့်ကို ဖိဖိကိုက်နေပြီး ဘဝင်မကျသလို ဖြစ်နေသော စည်းချင်းကို ရုံ တစ်ချက်တစ်ချက် ခိုးကြည့်နေမိ၏။ စိတ်ထဲလည်း သနားကမားရုပ်လေးနဲ့ ဘာလို့ မျက်နှာများရသလဲ မဆီမဆိုင် တွေးနေမိပြန်သည်။ သူက ရုံ့ကို ကြိုက်တယ်တဲ့။ သို့ပေသိ ရုံ ယုံကြည်နိုင်လောက်သည့် အကြောင်းခြင်းရာမျိုး သူ့ဆီမှာ တစ်ခုတလေတောင် မမြင်ရပေ။ တွေ့လိုက်တိုင်း သူ့ဘေးမှာ မိန်းကလေးတွေ ထပ်သွားခြင်းမရှိ။ အခွင့်ရေးသမားလို့ သူ့ကို ယိုးစွတ်ပြန်ရင် ရုံလွန်ရာများကျသွားလေမလား...။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now