String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၄၂)
........................." တံခါးခဏဖွင့်ပေးပါကွာ မောင်ပြောစရာတွေရှိတယ် "
ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အသံသေးအသံကြောင်နဲ့ လာအော်ဟစ်နေသော စည်းချင်းကြောင့် လျစ်လျူရှုထား၍မရတော့ဘဲ နံ့သာရုံ တံခါးသွားဖွင့်ပေးလိုက်ရသည်။
" စကားခဏပြောရအောင် နော် "
" အပြင်မှာသွားစောင့်နေ ထွက်လာခဲ့မယ် "
" ဒီမှာပြောလည်းပြီးနေတာပဲကို "
" ရှင်အိမ်ထဲဝင်စရာမလိုဘူး "
တစ်ခါမှ မပြောဘူးသည့် သူမနဲ့မလိုက်မဖက် ရင့်သီးသောစကားများကို သူကြားရတော့ မျက်နှာချင်းဆိုင်ရပ်နေသည့် စည်းချင်းသည် သူမကိုကြည့်နေသည်မှာ ရုတ်တရက် ပြာကျ၍အခိုးငွေ့ဖြင့် ပြောင်းလဲသွားတော့မလိုပင်။ သို့ပေသိ သူဘာဖြစ်ဖြစ် စိတ်ကိုတင်းခံထားဖို့ ဆုံးဖြတ်ထားပြီးသားမို့ ဘာကိုမှ မဖြုံသည့်မျက်နှာပေးနဲ့ နံ့သာရုံ ခေါင်းမော့လျက် အထဲပြန်ဝင်ဖို့လုပ်မည်အပြု သူမလက်ကို သူက ဖမ်းကိုင်ထား၏။
" လွှတ်စမ်း စည်းချင်း... ရိုင်းမလာနဲ့ "
" မောင့်ကို အရိုင်းစိတ်တွေဝင်အောင် ဘယ်သူလုပ်နေတာလဲ ပြော ဘယ်သူလုပ်နေတာလဲ "
ရုတ်တရက် စည်းချင်းက သူမပခုံးနှစ်ဖက်ကို အားပါပါဆုပ်ကိုင်ရင်း မျက်လုံးမျက်ဆံပြူး၍ မာထန်ထန် အသံနက်နက်နဲ့ ပြောလိုက်တာမို့ ခါတိုင်းလိုပင် သူ့မျက်နှာမော့ငေးကြည့်ရုံမှတစ်ပါး သူမ မစွမ်းသာခဲ့။ နောက်မှာတော့ စည်းက သူမလက်ကိုဆွဲ၍ အထဲဝင်ကာ တံခါးကို ခြေထောက်ဖြင့် ဒုန်းခနဲ ကန်ပိတ်လိုက်၏။
" ပြောစမ်း မင်းဘာလို့ ဒီလိုလုပ်နေတာလဲ၊ ဘယ်သူတွေရဲ့ သွေးထိုးစကားတွေကြောင့် အဆင်ပြေနေတဲ့ ကျွန်တော်တို့ဆက်ဆံရေးကို ဖျက်ဆီးရတာလဲ "
နံ့သာရုံသည် ကောင်းစွာရပ်နေနိုင်လို့သာ အသက်ရှိတယ်လို့ထင်ရပြီး သူမရဲ့ မလှုပ်မယှက်ငြိမ်သက်နေခြင်းက သူ့ဒေါသကို ပေါက်ကွဲစေဖို့ လုံလောက်သောအကြောင်းလည်းဖြစ်သည်။
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...