ဇာတ်သိမ်းပိုင်း/ဇာတ္သိမ္းပိုင္း

190 15 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

ဇာတ်သိမ်းပိုင်း
..............................

Mini market ရဲ့ အရှေ့ဘက် လူရှင်းသည့် ထိုင်ခုံလေးပေါ်၌ထိုင်၍ သွေးသံရဲနေသော စည်းရဲ့အညိုရောင်မျက်နှာလေးကို အသံတိတ်တိတ်ကြည့်နေရင်း သူမလက်တွေတုန်ယင်နေ၏။ ဒါကို သတိမထားမိရလေအောင် တင်းတင်းထွေးဆုပ်ထားသည့် လက်နှစ်ဖက်ကို ဖြည်လိုက်ပြီး market ကနေ ဝယ်လာသည့် ဆေးထုပ်ကို တစ်ခုချင်းထုတ်ယူလိုက်သည်။

တည်တည်ငြိမ်ငြိမ်လေးရှိနေသည့် သူမက အမြဲ သူရှေ့မျက်လွှာချထားနေကျ မထူးဆန်းသလို နှုတ်ခမ်းလေး ကွေးညွတ်သွားတတ်တာကလည်း ပုံမှန်မဟုတ်ပါလား။ သို့သော် ဒီနေ့တော့ ပုံမှန်အမူယာများဖြစ်သည့်တိုင် ပုံမှန်မဟုတ်တာကို သူသိနေသည်။

" သာ.... "

သူမမျက်တောင်ဖျားတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတာကို သူမမျက်နှာကို အစဥ်တစိုက်ငေးကြည့်နေသော စည်းသေချာတွေ့လိုက်၏။ ပြီးနောက် ရွှန်းစိုတောက်ပြောင်နေသည့် မျက်လုံးတွေက သူ့မျက်နှာဆီ ဖျတ်ခနဲရောက်လာသည်။ တကယ့်ကို ခဏလေးသာ။ သူ့မျက်နှာပေါ်မှာ သူမလက်တို့ရောက်ရှိလာတော့မည်ကို သိခိုက် ချမ်းသလိုမျိုး ကြက်သီး​လေးတွေ ဖြာထသွားရသည်။ မျက်နှာပေါ်က ဒဏ်ရာတွေကို ဂွမ်းလေးနဲ့ ဖွဖွတို့ထိနေချိန်မှာလည်း သူ့စိတ်ထဲ မရိုးမယွ။ ဒါတောင် သူမလက်နဲ့ သူ့မျက်နှာ တိုက်ရိုက်မထိဘဲ ကြားမှာ အလွှာပါးတစ်ခုကခြားနေသေးသည်။

" အ "

ညည်းတွားသလိုမျိုး သူ့ဆီက အသံတိုးတိုးညှင်းညှင်းထွက်လာသဖြင့် သူမလန့်ဖျပ်သွား၍ ဒိုင်းခနဲ သူ့မျက်နှာကို မော့ကြည့်မိလိုက်သည်မှာ စိုးရိမ်ပူပန်မှုများဖြင့်သာ။

" နာသွားလား အရမ်းနာသွားလားဟင် တောင်းပန်ပါတယ် သေချာဂရုစိုက်လုပ်နေတာကို "

သူမအသံက အပူတပြင်းဖြင့် သူ့ရဲ့ အနာဗရပွမျက်နှာကို ထပ်မြင်ရပြန်တော့ ဘာကြောင့်မှန်းမသိ စိတ်ထဲမကောင်းဘဲ မျက်ရည်ကဝဲချင်လာပြန်သည်။ တော်တော်ဆိုးတာပါပဲ... ။ ထို့ကြောင့် ချက်ချင်းအကြည့်ရုတ်သိမ်းလိုက်ပါ၏။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now