String of heart 💕
(နှလုံးသားစောင်းကြိုး)
အပိုင်း(၃၅)
...........................
" မဟုတ်မှ ဒေါ်သန်းသူ့ကို တစ်ခုခုပြောလိုက်သေးလားဟင် "
" မပြောပါဘူးရုံရယ်.... အဒေါ်သန်းက သူ့ကို ဘာပြောစရာရှိမှာလဲ "
" ရုံ့ကို ပွင့်ပွင့်လင်းလင်းပြောပါ "
" အဒေါ်သန်းပြောတာ မယုံဘူးပေါ့၊ ဒါဆို ယုံတဲ့သူကို သွားမေးလေ ရုံရဲ့ "
" အဲလို အဲလိုသဘောလည်းမဟုတ်ပါဘူး "
နံ့သာရုံခင်မျာမှာ အဒေါ်သန်းနားလည်မှုလွဲမှာစိုး၍ စကားမလွန်အောင်ထိန်းပြောရသေးသည်။ သူမစိတ်ထဲ စည်းချင်း တစ်ခုခုဖြစ်သွား၍ ထပြန်သွားသည်ဟုပင် ထထစ်ချယုံကြည်နေတော့သည်။
" အဒေါ်သန်းအသုံးလိုလို့မဟုတ်လားဟင် ဘယ်လောက်ယူမလဲ "
" ဟိုတနေ့က အရေးတကြီးငွေလိုလို့ဆိုပြီး လမ်းထဲက ငွေတိုးချေးတဲ့သူဆီမှာ အလတ်မရဲ့ စက်ဘီးကို သွားပေါင်ပြီး ငါးသောင်းဆွဲခဲ့မိတယ်ရုံရယ် အဲဒါလေးပြန်ရွေးချင်လို့ပါ "
" အဲဒါ ရုံ့ဆီမှာလာယူပြီးရော.... ဘာလို့ ကလေးစက်ဘီးကိုသွားပေါင်ရတာလဲ အဒေါ်သန်းရယ် "
" အကြီးကောင်ပေါ့ မူးပြီးသူများအိမ်ထဲမှားဝင်သွားမိလို့ ရိုက်ပုတ်လည်းလွှတ်သေး ရပ်ကွက်ရုံးလည်းပို့မယ်တကဲကဲလုပ်နေလို့ ငွေရှာပြီး မနည်းကျေအေးလိုက်ရတယ် အဲဒါကြောင့် ရုံ့ကို အပူလာမပေးတော့တာ ငွေက ချက်ချင်းလိုနေတာဆိုတော့ အနားကပဲ ဆွဲလိုက်မိတယ်လေ "
" ဟယ်... "
အဒေါ်သန်းဖြစ်ပုံကြားပြီး သူမ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် ဒေါ်သန်းလိုမိခင်မျိုးနဲ့တွေ့တာ သူ့သားသမီးတွေ ကံကောင်းပါတယ်လေ။ ဆိုးဆိုးမိုက်မိုက် ရှေ့ကနေ အတတ်နိုင်ဆုံး ကာကွယ်ပေးသည်မဟုတ်လား ... ။
" အတိုးက ဘယ်လောက်မို့လဲဟင် "
" တစ်ဆယ်ကျပ်တိုးတဲ့ ရုံရယ် "
ရုံ ဆွံ့အသွားရတော့သည်။ ဘာမှဆက်မပြောဘဲ ရုံယူလာသည့် ၅ထောင်တန် တစ်သိန်းအုပ်ကို အဒေါ်သန်းလက်ထဲသို့ သေချာလေးထည့်ပေးလိုက်သည်။
ВЫ ЧИТАЕТЕ
String of Heart (နှလုံးသားစောင်းကြိုး)
Любовные романы" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...
