အပိုင်း(၃၈)/အပိုင္း(၃၈)

110 9 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃၈)
..........................

" အဲ့ပုလင်းကို အိမ်ရှေ့မှာသွားထားချည် "

သူထမင်းစားပြီးတော့ ရေသောက်နေစဥ် မီးဖိုခန်းထဲက ဗေစင်မှာ စားပြီးသားပန်းကန်တွေဆေးကြောနေသည့် မာမီက သူ့အားလှည့်မကြည့်ဘဲ ပြောလိုက်သည်။

" မာမီပြောတာကြားလား "

စည်းတစ်ခွန်းမှပြန်မပြောဘဲ လက်ထဲက ဇွန်းနဲ့ခက်ရင်းကို ပန်းကန်ထဲ အသံမမြည်အောင်ချလိုက်ပြီး စားပွဲပေါ်တင်ထားသည့် ဖန်ပုလင်းကို ဆတ်ခနဲ လှမ်းယူ၍ အိမ်ရှေ့သို့ ခပ်မှန်မှန်ခြေလှမ်းတွေနဲ့ ထွက်သွားသည်မို့...

" ဒီကောင်လေးကတော့.... ပါးစပ်မပါဘူးလား၊ တဖြည်းဖြည်း သူ့အဖေနဲ့တူတူလာပြီ "

ဒေါ်ခင်စန္ဒာချစ်သည် ကိုယ်လေးလက်ဝန်ကြီးနဲ့ ဇာနည်လေးကို ကိုယ်ဝန်လွယ်ထားသည်မို့ တစ်နေရာမှတစ်နေရာ သွားဖို့ အဆင်မပြေပါ။ ကလေးက ၆ လကျော် ၇ လထဲရောက်နေပြီဖြစ်သည်။ စည်းချင်းကိုလွယ်ထားစဥ်ကတော့ ယခုလိုအချိန်မှာ ပေါ့ပေါ့ပါးပါးသွားလာနိုင်ဆဲ....။ ဒုတိယကလေးကျတော့ ဘယ်သွားသွား ဘာလုပ်လုပ် လေးလံကာ ခြေထောက်တွေလည်း ဖောယောင်ပြီး အမြဲအိပ်ချင်နေတတ်သည်။ ချဥ်ချင်းတက်သည်ဟုဆိုရမလားပဲ။ စည်းချင်းတုန်းကတော့ အမြဲအချဥ်တွေပဲ စားချင်နေတာမို့ ညအိပ်ချိန်မှာတောင် အချဥ်ပေါင်းထုပ်ကို ဆောင်ထားရသည်။ တရေးနိုးစားချင်စိတ်ပေါ်လာရင် ထစားဖို့အတွက်ဖြစ်သည်။ အဲ့အချိန်က စိတ်လည်းဆတ်၏။ တစ်ခုခုဆို ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်တာမို့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြခဲ့ရသည်။ ဒါကြောင့်လည်း စည်းချင်းက စိတ်ထက်နေတာဖြစ်ပေလိမ့်မည်။

ဒီကလေးလွယ်ထားစဥ်တော့ ဘာမဆို နူးနူးညံ့ညံ့နဲ့ စိတ်အေးအေးထားပြီး လုပ်တတ်တာကို သတိထားမိ၏။ စည်းချင်းတုန်းကလို ခုကလေးကိုလည်း အက်ထရာဆောင်းမရိုက်တာမို့ သူမခန့်မှန်းမိတာက မိန်းကလေးများ မွေးလာမလားပေါ့။ ဒါဆို သူမလည်း တီးတိုးတိုင်ပင်ဖော်ရလိမ့်မည်။ ကလေးယူဖို့ အစီစဥ်မရှိဘဲ ရလာသဖြင့် စည်းချင်းနဲ့တော့ အသက်ကွာသည်။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now