String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၃၃)
........................." မင်း သာနဲ့ ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာလဲ "
" ဘာအဓိပ္ပာယ်လဲ စည်းချင်း... မင့်အသံက ရင့်လှချည်လား "
" အပိုစကားတွေမပြောနဲ့ "
ခက်ထန်သောလေသံ မာကြောသော မျက်နှာထားဖြင့် နည်းနည်းမှ ဆတ်ဆတ်ထိမခံသည့် စည်းချင်းနဲ့ သည်းခံနိုင်သည့်အတိုင်းအတာကျော်လျင် တစ်စက်ကလေး အကျောမခံသည့် မင်းခတို့ ထိပ်တိုက်တွေ့ကြရာဝယ်...
" မင်းကသာ ပြောနေတာ "
" သာနဲ့ ဝေးဝေးနေ မဟုတ်ရင်.... "
" ဘယ်က ' သာ ' လဲ... ငါသိတာဆိုလို့ နံ့သာရုံတစ်ယောက်ထဲရှိတယ် "
" သူ့ကိုပဲပြောနေတာ သူ့ကိုမင်းကြည့်တဲ့အကြည့်တွေ ငါမကြိုက်ဘူး... ရှေ့ဆက်မတိုးနဲ့ ပေါက်လား "
" အဟက် မင်းကိုယ်မင်းဘာတွေပြောနေလဲ သိလားစည်းချင်း.... ဟမ် "
" ငါသူ့ကို ကြိုက်တယ် ... ငါဘာဆိုလိုချင်လဲ မင်းကောင်းကောင်းသိမှာပါ "
" ဘာရယ်... မင်းကြိုက်ပြန်ပြီလား၊ မင်းက လှတဲ့မိန်းကလေးတွေ့တိုင်း ကြိုက်နေတာပဲ ဆန်းသလား..... "
ပျားအုံကို တုတ်နဲ့ထိုးလိုက်မိသလိုမျိုး အုံကြွသွားပြီး စည်းချင်းဒေါသတွေနဲ့ မင်းခရဲ့ ရင်ဘက်ကအကျီကို ဆောင့်ဆွဲလိုက်ပြီး မျက်နှာချင်းနီးကပ်စေကာ...
" မင်းခေါင်းထဲ လောက်ကောင်တွေရောက်နေလို့ ကောင်းကောင်းမတွေးနိုင်တော့ဘူးထင်တယ်၊ ငါကူညီပေးရမလား "
" သွားစမ်းပါ.... မင်းဒေါသတွေက ငါ့အပေါ်အလုပ်ဖြစ်မှာမဟုတ်ဘူးနော်၊ ဒီနေ့ကစပြီး ရုံ့ရဲ့ အချစ်ကိုရအောင် ငါကြိုးစားတော့မှာမို့ မင်းကြိုက်တာမကြိုက်တာကို ငါဂရုစိုက်နေမှာမဟုတ်ဘူး "
" ပေါ်တင်စိန်ခေါ်ရဲတယ်ပေါ့ မင်းခ.... မင်းသိထားဖို့တစ်ခုက သူ့အချစ်မပြောနဲ့ သူနဲ့ပတ်သက်တဲ့ ဆံချည်မျှင်တောင် မရစေရဘူး ၊ သူမနဲ့ပတ်သက်တဲ့အရာအားလုံးက ငါနဲ့သက်ဆိုင်တာမို့ပဲ၊ keep watching "
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...