String of heart 💕
(နှလုံးသားစောင်းကြိုး)
အပိုင်း(၃၂)
............................
ဗြုန်းစားကြီး ကောက်စီစဥ်လိုက်သည့်ခရီးတစ်ခု။ ကားတစ်စီးရယ် လူရယ် ပိုက်ဆံအပြင် အဝတ်စားအပိုတစ်စုံတောင် ထည့်မယူခဲ့ကြ။ သိတယ်မလား စည်းချင်းတို့က လုပ်ချင်ပြီဆို ချက်ချင်းလေ.... ။
BMW မော်ဒယ်မြင့်ကားနက်တစ်စီးက အဝေးပြေးလမ်းမထက် တရိပ်ရိပ်ဖြတ်ကျော်လျက်။ ဝေလီဝေလင်းအချိန်မို့ ကားမောင်းလို့တော့ အတော်ကောင်းသည်။ ပုသိမ်ရောက်ရင် တောင်တက်လမ်း အကွေ့အဝိုက်တွေမောင်းရမှာမို့ စိတ်မရှည်သည့် စည်းက မင်းခကို သူ့ကားပေးမောင်းထား၏။ သူကတော့ အစောကြီးထလိုက်ရတာမို့ ဇိမ်နဲ့နှပ်နေလေရဲ့။ ကျန်နှစ်ကောင်လည်း သူ့နည်းတူ နောက်ခန်းမှာ စက်တော်ခေါ်နေကြ၏။
ပုသိမ်မြို့ထဲဝင်လာတော့ မိုးစင်စင်လင်းနေပြီ။ အချက်ပြလာသော ဗိုက်ထဲက အကောင်တွေကြောင့် Banpo စားသောက်ဆိုင်၌ ခဏနားပြီး မနက်စာမှာစားကြသည်။ မနက်အစောမို့ ဆိုင်မှာ စုံစုံလင်လင်မရသေး။ ကော်ဖီနဲ့ ပေါင်မုန့်ကြက်ဥရယ် ထမင်းကြော်ရယ်နဲ့ သုံးယောက်သား နှစ်ပါးသွားလိုက်ကြသည်။ နောက် ခံတွင်းချဥ်တော့ ဆေးလိပ်ထုတ်သောက်ပြီး toilet ခဏဝင်ကာ ကားနဲ့ချိတ်ထားသည့် GPS သုံးပြီး ငွေဆောင်ခရီးစဥ်သို့ တပျော်တပါး ဆက်ခဲ့ကြ၏။
" ဒါနဲ့ မေးပါဦးမယ် တစ်ခါမှအေးအေးဆေးဆေးမရှိလို့ မမေးရသေးဘူး "
" မင်းကလည်း စကားပုလ္လင်ခံနေရသေးတယ် ပြောစရာရှိ တစ်ခါတည်းပြောလိုက်တာ မဟုတ်ဘူး "
ဆန်းသစ်ဖြိုးကို ငေါက်သလိုပြောလိုက်သော စစ်ဝေဖုန်း... ။ သူ့အသံက စိတ်မရှည်သည့်လေသံ။ သူလည်း အစောကြီးထရလို့ ငြူစူနေတာဖြစ်နိုင်သည်။
" ကောက်ခါငင်ကာ ခါးဝတ်ခါးစားနဲ့ ငွေဆောင်လာရတဲ့ အကြောင်းလေးပြောပါဦး စည်းချင်း "
" သြော် သူ့အကြောင်းမသိတာကျလို့ သွားမေးနေသေးတယ် ခုလည်း ကားပေါ်ရောက်နေပြီဟာကို "
" ဒါတော့ဒါပေါ့ ဒါမဲ့လည်း..... "
" ကဲ အေးဆေးလိုက်ပါရစေကွာ မင်းကထပ်ပြီးမပွားစမ်းနဲ့ ဟိုရောက်မှ မေးကြည့် "
ВЫ ЧИТАЕТЕ
String of Heart (နှလုံးသားစောင်းကြိုး)
Любовные романы" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...
