အပိုင်း(၁၆)/အပိုင္း(၁၆)

145 11 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၁၆)
..........................

လက်နှစ်ဖက်ဘေးချကာ ကိုယ်လေးကိုင်းညွှတ်လျက် မျက်နှာချင်းဆိုင်မှ ချစ်စရာမျက်နှာသွယ်သွယ်လေးအား အစဥ်တစိုက်ကြည့်နေသော လူသားတစ်ဦး... ။ ခြေဖျားလေးထောက်လျက် ထိုလူသားရဲ့နှုတ်ခမ်းပေါ် လက်ဝါးဖြင့်အုပ်ကာထားရင်း အကြည့်ချင်းဆုံနေသည့် မိန်းမပျိုလေး... ။

ရွက်ကြွေလို လေနှင်ရာလွင့်နေပြီးမှ လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာသော စိတ်အစဥ်နှင့်အတူ နံ့သာရုံသည် ​ခြေဖနှောင့်ပြန်ချလိုက်ရင်း လက်ကိုပြန်ရုတ်ချိန် ခါးသိမ်သိမ်လေးမှ ဆွဲယူ၍ ခန္ဓာကိုယ်ချင်းပူးကပ်စေလိုက်သော စည်းချင်း... ။ တစ်ဆက်တည်း ပြန်ရုတ်မည့်ဆဲဆဲ လက်ကလေးကိုပါ သူ့နှုတ်ခမ်းပေါ် ဆွဲယူတင်လိုက်ပြီး ဖိကပ်နမ်းရှိုက်လိုက်၏။

" စည်းချင်း... ဖယ်စမ်း လွှတ် မထိနဲ့ "

သူမခါးပေါ်က သူ့လက်တွေကို ငုံ့ကြည့်လျက် ဆွဲဖယ်ရင်း ဒေါသသံနဲ့ပြောလိုက်ပြီးနောက် သူ့မျက်နှာအား ဆတ်ခနဲ မော့ကြည့်မိ၏။ ပြီတီတီသူ့မျက်နှာကို လက်နှစ်ဖက်နဲ့ ပိတ်တွန်းပစ်လိုက်ပြီး သူ့​ခြေဖမိုးကို သူမ​ခြေဖနှောင့်နဲ့ ဆောင့်ချလိုက်ပြီး ကိုယ်လွတ်ရုန်းထွက်နိုင်ပြီမှတ်လိုက်သော်လည်း သူမကိုယ်လုံးလေးအား ယောကျ်ားအားနဲ့ ဆွဲယူပွေ့ဖက်ထားသဖြင့် ရင်ခွင်ထဲရောက်ရပြန်သည်။

" အ ဒေါ် သန်း.... "

ပီသကြည်လင်မှုမရှိ အက်ကွဲခြောက်ကပ်သံ တိုးတိုးလေးက လည်ချောင်းထဲမှ လျှံထွက်လာ၏။ တကယ်တော့ သူမအကျယ်ကြ အော်လိုက်တာပါ။ ရုန်းရင်းဆန်ခက်နဲ့မို့ အားအင်တွေလည်း သူ့လက်အောက်မှာ နစ်မြှုပ်ကုန်ပြီ။ တံတွေးမြိုချ၍ မောဟိုက်သံလေးနဲ့ စည်းအား အသနားခံသလိုပြောလာသော နံ့သာရုံ.... ။

" လွှတ်ပေးပါ ရုံမောနေပြီ "

" မောင်လည်း မောလှပြီ၊ မင်းကိုကြိုက်ရတာ မောင်ဘယ်လောက်မောလဲ မင်းသိရဲ့လား "

စည်းချင်းသည် သူကိုယ်တိုင်တောင် မရည်ရွယ်ဘဲ ကိုယ့်ကိုယ်ကိုယ် မောင်လို့ သုံးနှုန်းနေမိတာ၊ စကားအရာသာ မောတယ်ဆိုပေသိ စိတ်ထဲကနေ ကြည်နူးပီတိတွေ ဖြာနေမိသည်။ သူမအကြောင်းတွေ စုံစမ်းဖို့အတွက် စည်း student affairs ကို ကိုယ်တိုင်သွားစုံစမ်းခဲ့တာမို့ သူက သူမထက်ငယ်တယ်ဆိုတာကို သိကတည်းက မောင်ဆိုတဲ့ ဝေါဟာရကို သူနှစ်ခြိုက်သွား၏။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now