String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၁၃)
..........................ဘယ်အချိန်ရှိပြီလဲမသိ.... ကျောပူလို့ သူနိုးလာတော့ မျက်ရိုးတွေလည်း အသေကိုက်နေ၏။ လက်မောင်းတစ်ဖက်လည်း အောင့်နေသည်။ လိုက်ကာတွေချ ပြတင်းတံခါးတွေ ပိတ်ထားတာတောင် အခန်းထဲ ကျိုးတို့ကျဲတဲဝင်လာသည့် နေက အင်မတန်ပူနေပြီ။ ခန္ဓာကိုယ်တစ်ခုလုံး လေးလံထိုင်းမှိုင်းနေပြီး ချဥ်စော်လည်းဟောင်နေ၏။
" အ ကျစ် ဟူး.... "
စိတ်အလိုမကျတာမို့ စည်း ကိုယ့်ကိုယ်ကိုယ် မချင့်မရဲတွေ ဖြစ်နေသည်။ သူ့ကိုယ်မှာလည်း အကျီမကပ်။ နားထင်ကြောကို လက်မနဲ့ဖိပြီး ငုတ်တုတ်ထထိုင်လိုက်ကာ သူမနေ့က ဘာတွေလုပ်ခဲ့လဲ ... ပြန့်ကျဲနေတဲ့ အတွေးတွေကို တစ်ခုချင်းပြန်ကောက်နေမိသည်။
" ဟာ! "
လောလောဆယ် ဘာကိုမှ စဥ်းစားမရ။ လက်နှစ်ဖက်နဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေကို ထပ်ဖွပစ်လိုက်ပြီး ရေခရားထဲက ရေကိုငှဲ့သောက်လိုက်၏။ ရေသောက်နေရင်း သူ့အာရုံထဲ ပေါ်လာသည်က သဲကွဲမှုမရှိသည့် ပုံရိပ်တစ်ခု။ တိုက်ခန်းတစ်ခုရှေ့မှာ မိန်းကလေးတစ်ယောက်ကို သူနမ်းနေတာ.... ။ ဖျတ်ခနဲပြန်ပေါ်လာတဲ့ မှတ်ဉာဏ်ကြောင့် ရေကိုကုန်အောင်မသောက်နိုင်တော့ဘဲ ရေခွက်ကို ပြန်ချထားလိုက်ကာ စည်း မျက်ခုံးတွေ တွန့်ကျိုးလျက် ရှေ့ဆက်ဘာဖြစ်သလဲဟု အသည်းအသန်ကို စဥ်းစားနေမိတော့သည်။
" ခေါင်းတွေမူးလိုက်တာ ကျွတ် "
ညက ဘယ်လောက်တောင် သောက်လိုက်လဲ မသိတော့၊ မဖြစ်စဖူး ခေါင်းတွေထိုးကိုက်ပြီး မနေ့ညက အိမ်ဘယ်လိုပြန်ရောက်လာသလဲ မနည်းပြန်စဥ်းစားယူနေရသည်။ စိတ်ကသိပ်မရှည်တာမို့ လက်ဖမိုးနဲ့ နားထင်အပေါ်ဘက်ကို ထုရိုက်မိ၏။
ကြမ်းပြင်ပေါ် ခြေအစုံချလိုက်ပြီး သူ့ရှေ့က ကိုယ်လုံးပေါ်မှန်ကို စည်းထိုင်လျက် လှမ်းကြည့်မိတော့ သူ့ပုံက ဆုပ်ချင်စရာမရှိ။ ညင်းသိုးသိုးနဲ့ လူမိုက်ပုံပေါက်နေတာပင်။ ခဏတာ အိုစာသွားသလိုထင်ရ၏။ စိတ်ရှုပ်ရှုပ်နဲ့ ကြေးမုံမှာပေါ်နေသည့် ကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်နေရင်းမှ တစ်ရိပ်ရိပ်ပေါ်လာသည့် ပုံရိပ်တွေ.... ။ ရုပ်ရှင်ပြကွက်လို အနှေးပုံစံနဲ့ တစ်ခုချင်း ပြန်မြင်နေရတာမို့ စည်းကိုယ်တိုင်တောင် မသိဘဲ မတ်တပ်ထရပ်မိလိုက်လေသည်။
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...