အပိုင်း(၂၅)/အပိုင္း(၂၅)

89 6 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၂၅)
...........................

နံ့သာရုံ နိုးနိုးချင်း လူက အိပ်ရေးမဝသဖြင့် စိတ်လက်မကြည်လင်နေ။ ဘယ်အချိန်ရှိပြီလဲမသိဘူး....ပြန်ပဲအိပ်ရကောင်းမလား၊ ကျောင်းသွားဖို့ပဲ ပြင်ဆင်ရတော့မလား လမ်းပျောက်နေစဥ် သူ့ကို သွားသတိရမိသည်။

" အယ် အိပ်နေသေးတာလားမသိဘူး သွားကြည့်ဦးမှ "

မီးဖိုခန်းထဲ ဘယ်လိုဘယ်လို အိပ်ပျော်သွားလဲမသိတော့ဘဲ အိမ်ရှေ့ခန်းက စည်းချင်းရှိရာ ကပျာကယာထသွားကြည့်မိတော့ ခေါင်းအုံးနဲ့စောင်ပုံကိုသာ တွေ့ရ၏။ နောက် တံခါးဘက်ကိုကြည့်လိုက်တော့ ချွတ်ထားသည့် သူ့ဖိနပ်ကိုမတွေ့တော့...။

" ဟူး တော်သေးတာပေါ့ "

သူမလည်း သူနဲ့ မျက်နှာချင်းမဆိုင်ချင်တာမို့ နိုးလာရင် သူ့ကိုမတွေ့ရဖို့ မျှော်လင့်ထားခဲ့တာ၊ ဆန္ဒပြည့်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် နောက်လာမပတ်သက်ရင်ပြီးတာပါပဲ။

မျက်ခွံတွေလေးနေတာမို့ မျက်လုံးကို လက်ဖြင့်တစ်ချက်ပွတ်သပ်လိုက်ရင်း ပြေလျော့နေသည့် ဆံပင်ကို ဖြေချလိုက်ပြီး ရုံ့အခန်းထဲသို့ နှေးကွေးစွာ လျှောက်ဝင်သွားလိုက်သည်။

" ဝါး ဝါး... "

တဝါးဝါးသန်းဝေလျက် ရေချိုးခန်းတံခါးကိုဆွဲဖွင့်ဝင်လိုက်သည်။ နောက် ဘေစင်ပေါ်က ခေါင်းပတ်ကိုလှမ်းယူပြီး ရှေ့ကဆံပင်တွေကိုသပ်တင်လိုက်ရင်း ရုတ်ခနဲ မှန်ကိုတစ်ချက်ကြည့်မိလိုက်သေးသည်။ ပြီးတော့ သွားတိုက်တံလှမ်းယူလိုက်ပြီး သေချာအောင် ရှေ့ကမှန်ကို ပြန်ကြည့်လိုက်တော့မှ ပါးစပ်အဟောင်းသားဖြစ်သွား၏။

" ဟင် ဘယ်လိုဖြစ်တာလဲ "

သွားတိုက်တံကို ခြင်းထဲပြန်ထည့်ပြီး သူမမျက်နှာကို လက်ဖြင့်သေချာကိုင်တွယ်ကြည့်ရင်း မယုံနိုင်သလို ရေရွတ်လိုက်မိ၏။ နောက် သူမရဲ့မျက်ခုံးတန်းနှစ်ခုသည် ထိစပ်သည်အထိ ကျုံ့သွားသည်။ ကြေးမုံပြင်မှာပေါ်နေသော သူမရုပ်ပုံလွှာသည် နှာထိပ်မှာ မှင်စက်လေးတို့ထားပြီး နှာတံဘေးတစ်ဖက်စီမှာ ခြစ်ရာလေးသုံးခုက အထင်းသား.... ။ ဘယ်သူ့လက်ချက်ဖြစ်နိုင်လိမ့်မလဲ၊ သူမှတစ်ပါး အ​ခြားမရှိနိုင်ပြီ မဟုတ်လား။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now