အပိုင်း(၄၇)/အပိုင္း(၄၇)

84 10 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၄၇)
...........................

" အား ကျွတ် ကျွတ် "

အသိဝင်လာတော့ ခန္ဓာကိုယ်ကြီးက ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲနေ၏။ မလှုပ်ချင်လောက်အောင် ညောင်းချိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ရွေ့လျားမရ တောင့်တောင့်ကြီးဖြစ်နေ၏။ ငါဘာမှမဖြစ်ဘူးဟု စိတ်အားတင်းရင်း ဦးသော်ကသည် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ သူ့အခန်းထဲမှာဖြစ်နေသည်။ လိုက်ကာတွေလည်းချထားတာမို့ ပြတင်းတံခါးမှ အလင်းရောင်လည်းမဝင်သလို မီးတွေလည်းပိတ်ထားရာ အခန်းထဲ မှောင်ကျနေသည်။

📲 " ကလင် ကလင် ကလင် " 📲

ထိုစဥ်မှာပင် သူ့ဖုန်းသံမြည်လာသည်။ ဖုန်းကို လှမ်းယူဖို့ လက်တစ်ဖက်ကို ဆန့်ထုတ်ကြည့်တော့ ကြွက်သားတွေက အားနည်း၍ စိတ်သွားတိုင်း ကိုယ်မပါနိုင်။

" ကျစ် "

ကိုယ်တစ်ပိုင်း အသာကြွ၍ နောက်တစ်ကြိမ် စားပွဲဆီလက်ကမ်းတော့ အဆင်ပြေသွားသဖြင့် ဖုန်းပြောလိုက်သည်။

" အေး ပြော "

" ဟဲလို သူဋ္ဌေး... ကျွန်တော်အရေးကြီးပြောစရာရှိလို့ "

" အေး ပြောလေကွာ "

" ဘဏ်ကိစ္စပါ သူဋ္ဌေး "

သူ့လက်ထောက်ဖြစ်သူ အောင်နိုင်က ထိုသို့အစချီတော့ ဦးသော်က မျက်လုံးတွေပြူးပြီး နှလုံးခုန်မြန်လာ၏။ ပြီးတော့ သွေးတိုးလာသလိုလို နားထင်နားက တိုးနေသည့် သွေးက ဒုတ်ခနဲဒုတ်ခနဲ... ။ ဂလုဟူသော တံတွေးမြိုချသံ ထွက်ပေါ်သွားပြီးနောက်...

" တချို့ရှယ်ယာဝင်တွေက ဘဏ်ထဲကပိုက်ဆံတွေ လျော့နေတာကို သတိထားမိပြီး ကျွန်တော့်ကို စစ်လားဆေးလား မေးလားမြန်းလားနဲ့ အစ်အောက်နေကြတယ်သူဋ္ဌေး အဲဒါ ကျွန်တော်လည်း ဘယ်လိုပြောရမှန်းမသိလို့ ကြည့်ကောင်းအောင်ပြောပြီး ရှောင်ထွက်ပေမယ့် သူတို့က ဘဏ်ကိုတိုက်ရိုက်သွားမေးကျတော့ အားလုံး သိသွားကြပြီ အဲဒါ ကျွန်တော်... "

" သိသွားကြပြီ ဟုတ်လား "

" ဟုတ် ဟုတ်ပါတယ် မနေ့ကပါ ချက်ချင်းသူဋ္ဌေးဆီ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရလို့.... "

String of Heart (နှလုံးသားစောင်းကြိုး)Donde viven las historias. Descúbrelo ahora