အပိုင်း (၅) / အပိုင္း (၅)

150 11 0
                                    

Zawgyi Font ⤵️
***************

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၅)
.......................

" ဒီတိုက်ပေါ်တက်သွားတာ သေချာလို့လား၊ မသေချာရင် မင်းတို့ဗြင်းခံရမှာနော် "

" သေချာတယ် ကျုပ်ကိုယ်တိုင် ဟောဒီမျက်လုံးနှစ်လုံးစလုံးနဲ့ မြင်လိုက်တာ "

" အေး ဒါဆို ဒီကောင်ပုန်းနေတာပဲဖြစ်ရမယ် အောက်မှာသွားစောင့်မယ် ဒီကောင်ထွက်လာမှာ အကြာကြီးမပုန်းနိုင်လောက်ပါဘူး ဟွန်း "

" အဲ့ဆို သွားမယ် "

စကားသံတွေက တဖြည်းဖြည်းလွင့်စင်သွားကာ ဖိနပ်သံတွေလည်း တဖြည်းဖြည်းဝေးလို့သွားပြီး နဂိုအတိုင်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။

အပြင်ကအသံကို စည်းချင်း နားစွင့်နေရင်းမှ သူ့ဆီကနေ တွန်းထိုးရုန်းကန်ရင်းနဲ့ သူ့ခါးအားလက်နဲ့လာထိသော သူမကြောင့် မျက်နှာတစ်ခြမ်းမဲ့ကျသွားပြီး ငုံ့ကြည့်ကာ ပါးစပ်ကိုပိတ်ထားသော သူ့လက်ကို ရုတ်ပေးလိုက်သည်နှင့် နှုတ်ခမ်းလှလှလေးက ဒေါသစကားတွေ တရစပ် ထွက်ကျလာပါတော့သညှ။

" ရှင် ရှင် ထွက်သွား အခုချက်ချင်း မဟုတ်ရင် အော်လိုက်မှာနော် သွားသွား ... "

ကိုယ်လုံးလေးတုန်ယင်နေသော သူမလေးရဲ့ ခန္ဓာကိုယ်ဟာ သူမဘယ်လောက် ကြောက်လန့်နေသလဲ ပြနေသယောင်။ မျက်ဝန်းတွေက တည်ငြိမ်မှုမရှိ။ သူငယ်အိမ်လေးက ချိန်သီးလို ဟိုသည်ကစားနေလျက်။

သူမအပြုအမူက သူ့အတွက်တော့ အလွန်ဆန်းကြယ်နေသည်မို့ မျက်တောင်မခက်စိုက်ကြည့်နေမိကာ ဒါကို သူမက ပိုလန့်နေသည်ထင်ရဲ့။ နံ့သာရုံ နောက်သို့ မသိမသာ တရွေ့ရွေ့ဆုတ်သွားရခြင်းမှာ စည်းချင်းက သူမအနားတိုး၍တိုး၍ လာနေသောကြောင့်ပင်။ 

" ရှင်! "

ရုံ သူ့အား လက်ညှိုးကလေးထိုး၍ စကားစလိုက်ချိန် ....

" ကူညီလက်စနဲ့ တစ်ခါတည်း အရောက်ပို့ပေးလို့မရဘူးလားဗျာ .... ခုနေ ကျွန်တော်ထွက်သွားလိုက်ရင် ဘာဖြစ်မယ်လို့ မင်းထင်လဲ ဟင် "

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now