အပိုင်း(၉)/အပိုင္း(၉)

102 7 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၉)
.......................

" ကျွန်တော် မင်းကိုကြိုက်တယ်၊ ကျွန်တော့်ကိုပြန်ကြိုက်ပါ "

သူကိုယ်တိုင် မျှော်လင့်မထားသော အရာကို မမျှော်လင့်သောအချိန်မှာ မမျှော်လင့်ဘဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားမိတာမို့ စည်း အံ့သြစိတ်ကို ဖျောက်၍ follow လေးပဲ လိုက်လိုက်တော့သည်။

နံ့သာရုံ စည်းချင်းမျက်နှာကို ဘယ်နှစက္ကန့်ကြာအောင် ကြည့်နေမိသည်မသိတော့။ သူ့မျက်နှာကိုကြည့်နေရင်းမှ အလိုမကျစိတ်များဝင်လာကာ စိတ်ထဲနောက်ကျိလာပြီး သူ့ရင်ဘက်ကို လက်ဖြင့်အသာလေးတွန်း၍ လွယ်အိတ်ကြိုးကို ပြန်ဆွဲယူကာ လှည့်ထွက်မည်အပြု....

" တစ်ခုခုပြောဦးလေ "

စကားနဲ့လှမ်းတားလိုက်တာကို နောက်လှည့်တော့မည့် ရုံ့ခြေလှမ်းတွေ တုန့်ဆိုင်းသွား၏။ ရုံသည် တစ်ခုခုဆို အသံမထွက်တော့ဘဲ ဆွံ့အသွားတတ်တာ အားနည်းချက်လို့ပြောမလား၊ ပင်ကိုယ်ဗီဇလို့ပဲ ပြောရမလား....။ ခုလည်း စိတ်ထဲရှိရာ ပြောချလိုက်ဖို့ လည်ချောင်းမှာ တစ်ခုခုဆို့ထားသကဲ့သို့ ဖြစ်နေ၏။ လက်သီးလေးဆုပ်၍ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ဘက်လှည့်လိုက်ပြီး....

" ပိုင်ရှင်ရှိနေရက်နဲ့ ရှင်ဒီစကား ပြောထွက်တာ... ရှင့်ကောင်မလေးကို သနားတာပဲ "

လာပြန်ပြီ... မမျှော်လင့်ထားတဲ့စကား....။ မဆီမဆိုင်စကားကို ကြားရတော့ စည်းလက်မခံချင်။ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူမမျက်ဝန်းလေးတွေကို အကဲခတ်သလို စီးမိုးကြည့်နေမိသည်။ သို့သော် သူမက သူ့အားကြည့်မနေ။ သူ့လက်မောင်းဆီ အကြည့်ပို့လိုက် လမ်းဘေးဝဲယာဆီ အကြည့်ပို့လိုက်လုပ်နေတာမို့ သူမလေး စိတ်လှုပ်ရှားနေပြီမှန်း ရိပ်စားမိတော့မှ သူ သဘောတကျ ပြုံးနိုင်တော့သည်။

" အဟွင်း... "

သူ့ဆီက ရယ်သံထွက်လာတော့ ရုံ သူ့မျက်နှာကို ဖျတ်ခနဲ မော့ကြည့်မိ၏။ ရုံ ဒီလောက် သူ့ကို အားမနာတမ်း​ပြောလိုက်တာကို ရယ်နေနိုင်သေးသည်တဲ့လား...။ ဘယ်လိုလူပါလိမ့်။

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now