String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၂၆)
...........................Weekends ကျောင်းပိတ်ရက်မှာ နံ့သာရုံအိမ်၌ သူငယ်ချင်းများ စုမိကြသည်။ စာမလုပ်ကြဘဲ စကားတွေထိုင်ပြော ရုပ်ရှင်အတူကြည့်နဲ့ စာမေးပွဲပြီးသကဲ့သို့ ဟေးလားဝါးလား လုပ်နေကြ၏။
" မကျော်ပစ်နဲ့လေဟာ ကောင်းခန်းရောက်နေတာကို "
" နင့်ဘာသာနင်သာ ကောင်းခန်း.... Kiss scene ဟာကို တကယ်တဲ "
" အယ် ပြီးမှ တစ်ယောက်ထဲကြိတ်ကြည့်မှာမလား အဟ "
" သွားစမ်းပါ အာရုံကိုမလာတာ နင့်စိတ်နဲ့မနှိုင်းနဲ့နော် မေသဇင် "
" စကားပြောမှာလား ကားကြည့်မှာလား "
" နှစ်ခုလုံးပဲ "
ပြိုင်တူအော်လိုက်တာကြောင့် ဘေးက သူငယ်ချင်းမနှစ်ယောက်ကို ရုံခါးထောက်ပြီး တစ်လှည့်စီကြည့်လိုက်၏။ သူတို့တွေကတော့ ရုံ့ကို အရေးမစိုက်ဘဲ ရီမုဒ်လုလို့ကောင်းတုန်း။ သူမလည်း စိတ်အချဥ်ပေါက်လာပြီး တီဗွီခလုတ်ကို သွားပိတ်လိုက်တော့ ထွက်လာသည့် အသံက ပြိုင်တူ... ။
" ဟာ! "
" မဟာနဲ့ ခေမာ... စာလုပ်ရမယ် လာခဲ့ "
" ငါခေါင်းဆေးနေတာ နင်ဘာသာသွားကျက် နင်ရဖို့ပဲလိုတယ် ငါကအေးဆေး "
" ဟဲ့ ကိုယ်ကျက်မှကိုယ်ရမှာ မိခေမာရဲ့ ပြီးမှ ဂျိုးပြော မိုးပြော လာမလုပ်နဲ့နော် ဟွန်းဟွန်း "
မျက်နှာတည်မျက်နှာထားနဲ့ နံ့သာရုံ ကြိမ်းဝါးလိုက်ပြီး စာကျက်ဖို့ ကိုယ့်အခန်းကိုယ်ပြန်ဝင်သွားလိုက်တော့သည်။ နောက်ကနေ ခေမာပါလာမယ်ထင်ပေမယ့် တကယ်တမ်းတော့ တီဗွီရှေ့ကနေ မခွာဘဲ ကျန်ခဲ့ကာ မေသဇင်နဲ့ ဆက်၍ငြင်းခုန်လို့ ကောင်းနေဆဲ.... ။ ကလေးလို အစစရာရာလိုက်ပြောနေဖို့ မလိုတော့ပြီမို့ လွှတ်သာထားလိုက်တော့၏။ ထုံးစံအတိုင်း စာကြည့်စားပွဲရှေ့ ငုတ်တုတ်ထိုင်ရုံနဲ့ လူကအိပ်ချင်လာပြီမို့ မနည်းကိုစိတ်နှစ်ထားရသည်။ အပြင်ကဆူညံသံတွေကြောင့် နှစ်ဆပိုစိတ်နှစ်ရ၏။
ESTÁS LEYENDO
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...