အပိုင်း(၃၇)/အပိုင္း(၃၇)

65 7 0
                                    

String of heart 💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၃၇)
..........................

သူမခါးလေးကို တင်းတင်းဆွဲဖက်လိုက်တော့ ရင်လေးကော့တက်သွား၍ ရင်ချင်းထိကပ်မိတ်ဆက်သွားသည်။ စည်းလက်တစ်ဖက်က သူမပါးရိုးနဲ့လည်တိုင်လေးကိုညှပ်၍ ဖွဖွအုပ်ကိုင်ထားပြီး နူးညံံ့သောစွဲမက်ဖွယ် အနမ်းပန်းလေးတွေကို တယုတယ ပျိုးမိ၏။ သူမကိုယ်လေး တောင့်တောင့်လေးဖြစ်နေရာမှ တဖြည်းဖြည်းပျော့ပျောင်းလာသည်။ သူမျက်လုံးမှိတ်ထားသဖြင့် ခံစားချက်တို့ပေါ်လွင်နေမည့် သူမမျက်လုံးတွေကို မမြင်ရပေ။

အိစက်နူးညံ့နေသည့် သူမအပေါ်နှုတ်ခမ်းလေးသည် စတော်ဘယ်ရီသီးလို ချိုမြနေသဖြင့် ငုံခဲစုပ်ယူထားလိုက်ချိန် ခါးပေါ်မှ စည်းလက်တွေသည် နံ့သာရုံကျောပြင်၌ အထက်အောက်စုန်ဆန်ဆင်းလျက်.... ။ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေသည်ကို သူမဆိုတဲ့ အသိစိတ်တစ်ခုတည်းနဲ့ မကြမ်းမိအောင် သူကြိုးစားရင်းက တစ်ချက်တစ်ချက်လွတ်ထွက်သွားသည်ကြောင့် အနမ်းကြမ်းအဖြစ်ပြောင်းလဲသွားသည်။ မက်မောတပ်မက်မှုများဖြင့် ရယူပိုင်ဆိုင်လိုကာ နှုတ်ခမ်းဖူးလေးတစ်ခုလုံးကို သိမ်းပိုက်လိုက်တော့ ဘေးချထားသည့် သူမလက်တွေက သူ့လက်မောင်းပေါ်ရောက်ရှိလာပြီး ခပ်ဆတ်ဆတ်ထုရိုက်ကာ မလိုလားကြောင်း အချက်ပြသည့်ကြားက လွတ်ထွက်သွားမည်စိုး၍ အတင်းဖက်ထားရင်း နှုတ်ခမ်းကိုမလွတ်ပေးခဲ့။

" အင် အင့် အွင့် အင်း "

တစ်စတစ်စ အသက်ရှူလို့မရတော့သည်ထင် စကားသံမပီမသထွက်လာသော သူမလေးကို စည်းအူတွေအသည်းတွေယား၍ နှုတ်ခမ်းတစ်ခုလုံးကို ချိုချဥ်လုံးလေးလို ဆွဲစုပ်ယူလိုက်ပြီး ချက်ချင်းမလွတ်ပေးဘဲ အောက်နှုတ်ခမ်းလေးကို တတိတိကိုက်လိုက်ပြီးမှ မလွတ်ချင်လွတ်ချင်ဖြင့် နှမြောတသကြီးစွာ လွတ်ပေးလိုက်ရလေသည်။

သူ့ကြောင့် (သူ့အနမ်းကြမ်းများကြောင့်) ဖူးဖူးရဲရဲနှုတ်ခမ်းလေးက ပိုးဆတ်ကောင်ကိုက်ခံထားရသလို စူထော်ထော်လေးဖြစ်နေတော့ သူ့မှာ အသည်းယားပြီး သူမလက်နှစ်ဖက်ကိုဆွဲယူဖို့ပြင်တော့ အကိုင်မခံဘဲ မျက်နှာအောက်ငုံ့ထားရာမှ အင့်ခနဲ ရှိုက်သံထွက်လာတော့ စည်းလန့်ဖျပ်သွားပြီး ပျာယာခတ်သွားရင်း....

String of Heart (နှလုံးသားစောင်းကြိုး)Where stories live. Discover now