String of heart 💕
(နှလုံးသားစောင်းကြိုး)အပိုင်း(၁၉)
........................." မောင်စည်း.... "
စိတ်ပူတာရော စိုးရိမ်တာပါ ရောယှက်နေသည့် မျက်နှာထားဖြင့် ဒေါ်တင်ထားသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေစဥ် အိမ်ထဲဝင်လာသော စည်းချင်းအား စီး၍ခေါ်လိုက်လေသည်။
" ဘာဖြစ်လို့လဲ "
" ဇာနည်လေးလေ သူ.... "
" ဇာနည်ဘာဖြစ်လို့လဲ အခုဘယ်မှာလဲ "
" အခန်းထဲမှာ.... ကျောင်းမှာရန်ဖြစ်လာလို့တဲ့ဆရာမကဖုန်းဆက်အကြောင်းကြားတယ် "
" ဘာ! ဇာနည်ရန်ဖြစ်လာတယ်လို့ အခုကျွန်တော်ကြားတာ အမှန်ပဲလား "
" အမှန်ပါကွယ် "
" နေဦး နေဦး... "
သူနားကြားလွဲတာလည်းမဟုတ်ဘူးဆိုတော့... ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဇာနည် ဇာနည်က ရန်ဖြစ်တယ်တဲ့လား။
" ဘယ်လိုဖြစ်နိုင်မှာလဲ ဒေါ်တင်ထား.... ကျွန်တော့်ကို ဒီထက်ပိုရှင်းအောင်ပြောစမ်းပါ "
" ဇာနည်လေးရဲ့အားနည်းချက်ကို ကလေးတွေက ထိုးနှက်ကြတာ၊ သားနဲ့ဇာနည်လေးနဲ့က အသက်ကွာတယ်လေ အဲဒါကြောင့် ဇာနည်လေးက သားအရင်းမဟုတ်ဘူး မွေးစားသားဆိုပြီး ဝိုင်းလှောင်ကြတယ်၊ ပြီးတော့ သားအရင်းဆို မိဘတွေက ကျောင်းကိုလာမှာပေါ့ အကြိုအပို့လုပ်မှာပေါ့ မဟုတ်လို့ ကျောင်းကို တစ်ခါမှမလာကြတာလို့ ဇာနည်လေးမခံနိုင်အောင်စနောက်ကြရင်းက ရန်ဖြစ်ကြတော့တာပဲတဲ့ "
" ကျစ် သောက်ကလေးတွေ မိဘပေးတဲ့မုန့်ဖိုးယူပြီး အေးအေးကျောင်းမတက်ချင်ကြတော့ဘူးထင်တယ်၊ သောက်လုပ်မဟုတ်တာ သောက်လုပ်လုပ်နေကြတယ် တောက်..... "
စည်းချင်း ဒေါသထွက်လွန်းသဖြင့် အံကိုကြိတ် လက်သီးဆုပ်ထားလျက် လည်ပင်းကြောတွေထောင်ထနေကာ မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းခက်ထန်လျက်....။
" ဇာနည်ဒဏ်ရာတွေဘာတွေရသေးလား ဒေါ်တင်ထား.... သူတစ်ခုခုထိခိုက်လာရင် သူတို့ကို ဒီအတိုင်းမထားဘူး၊ ဆရာမတွေရော ကလေးမိဘတွေရော ကျွန်တော့်အကြောင်း သိစေရမယ် "
YOU ARE READING
String of Heart (နှလုံးသားစောင်းကြိုး)
Romance" သာ... မင်းရဲ့နှုတ်ကနေ ' မောင် ' လို့ တစ်လုံးတည်းခေါ်လိုက်၊ မင်းဘေးနားက အနှောင့်အယှက်တွေအားလုံး မောင်ရှင်းပြီးသားဖြစ်စေရမယ် " #စည်းချင်း " ဟင့်အင်း ဟင့်အင်း.... မချစ်ချင်တော့ပါဘူး မချစ်တော့ဘူး၊ ရုံ့ဘဝမှာ ဘယ်သူကများ ရုံ့အပေါ် တကယ်ချစ်ခဲ့ကြလို့လဲ၊ ရ...